ရဲအုပ်ကို သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူတွေကို ၂၄ နာရီ အတွင်း ဖမ်းဆီးရမိ

0
266

ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကို သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူတွေကို ၂၄ နာရီ အတွင်း သက်ဆိုင်ရာကဖမ်းဆီးလိုက်ပါတယ်။
နေပြည်တော်မှာရှိတဲ့ ဒက္ခိဏသီရိမြို့နယ် မိုးဝေလမ်းနဲ့ သပြေ ၁၃ လမ်းဆုံ အနီးမှာအသတ်ခံခဲ့ရတာပါ။

15747757_1855185364750441_163132577870648067_n

သေဆုံးသူ ရဲအုပ်ဇော်ဇော် (၄၈-နှစ်)ဟာ ပုဆိုးနဲ့ လက်ပြန်တုတ်ခံရပြီး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။

15871942_1855185414750436_6590098081954124826_n

အဲဒီလူသတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူတွေရဲ့ နေအိမ်တွေကို သွားရောက် စစ်ဆေးခဲ့ရာမှာ တိမ်းရှောင်နေကြတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ကာပစ်မှတ်အဖြစ်အတည်ပြုလိုက်ပြီး စုံစမ်းရှာဖွေ ခဲ့ရာ ပြစ်မှုကျူးလွန်သူပြည့်ဖြိုး(ခ)ကိုဖြိုး၊ ဝင်းကိုကိ၊ ကိုမျိုး(ခ)မျိုးချစ်အောင်တို့ကို ဖမ်းဆီးရမိပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူလိုက်ပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)