ယာဉ်ရပ်နားခတွေကို စနစ်တကျ ပြန်လည်ကောက်ခံဖို့ စီစဉ်

0
322

ရန်ကုန်မြို့အတွင်း ယာဉ်ရပ်နားခတွေကို စနစ်တကျပြန်လည်ကောက်ခံဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ အများပြည်သူပိုင်လမ်းတွေအားလုံးမှာ ယာဉ်မရပ်ရနေရာ ယာဉ်ရပ်နားဖို့နေရာတွေကို သတ်သတ်မှတ်မှတ် ပိုင်းခြားပြီး ယာဉ်ရပ်နားခတွေကို စနစ်တကျကောက်ခံဖို့ဆောင်ရွက်နေတာပါ။

yangon-traffic-1024x767

ဒါ့အပြင် ကားပတ်ကင်တွေကိုလည်း တည်ဆောက်သွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောကြားပါတယ်။ ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လသာမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားစဉ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)