ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်တဲ့ ဗီဒီယိုပျံ့ပြီးနောက် အရေးပေါ်အစည်းအဝေး လုပ်သွားမယ်လို့ OIC ပြောကြား

0
350

မောင်တောမြို့နယ်၊ ကိုးတန်ကောက်ကျေးရွာမှာ ရွာသားတချို့ကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်နေတဲ့ ဗီဒီယို လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ပြီးနောက်မှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)က နိုင်ငံခြားရေးဝန်ကြီးတွေပါဝင်တဲ့ အရေးပေါ် အစည်းအဝေးတစ်ရပ် ဇန်နဝါရီလအတွင်းမှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

maungdaw

OIC အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဟာအာကီးလ်က Arab News သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ အဲဒီလို ပြောကြားခဲ့တာပါ။

“OIC အနေနဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကျရင် မလေးရှားနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီးတွေအဆင့် အရေးပေါ် အစည်းအဝေး ပြုလုပ်သွားမှာ”လို့ မာဟာအာကီးလ်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့က လူမှုကွန်ရက်ပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေက ရွာသားတချို့ကို ရိုက်နှက်နေတဲ့ ဗီဒီယိုပျံ့နှံ့ခဲ့ပြီးနောက်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးက ဗီဒီယိုထဲက ဖြစ်စဉ်ဟာ ကိုးတန်ကောက်ရွာမှာ ရဲတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ်က ဖြစ်စဉ်တွေဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီရိုက်နှက်နေတဲ့ ဖြစ်စဉ်မှာပါဝင်တဲ့ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူး ရဲထွန်းနိုင်၊ အမှတ်(၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲအုပ် တေဇာလင်း၊ ဗီဒီယိုရိုက်ကူးသူ ရဲတပ်သား ဇော်မျိုးထိုက်နဲ့ ရိုက်နှက်ကန်ကျောက်သူ ရဲတပ်သား ပြည့်ဖြိုးသွင်တို့ကို ကနဦး စိစစ်ဖော်ထုတ်ထားနိုင်ပြီး ရိုက်နှက်ရာမှာ ပါဝင်တဲ့ ကျန်ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက်ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)