နိုင်ငံတစ်ခု တိုးတက်အောင်မြင်ဖို့ရာ လူ့စွမ်းအင် အရင်းအမြစ်က အရေးကြီး တယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေ ပြောကြား

0
263

နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်မယ်ဆိုပါက အဲဒီအပြောင်းအလဲတွေကို လက်တွဲ ဖော်ဆောင်ပေးမယ့် အုပ်ချုပ်ရေးကဏ္ဍကို အပြောင်းအလဲလုပ်ရမှာဖြစ်တယ်လို့ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။

15822131_1044772202316460_796814172_n

ဇန်နဝါရီလ ၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှာ ကျင်းပတဲ့ ပြည်သူ့ ဝန်ထမ်းအကယ်ဒမီ(Civil Services Academy -CSA)ဖွင့်ပွဲမှာ အခုလိုပြောကြားလိုက်တာပါ။ အုပ်ချုပ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရာမှာ ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေပြင်ဆင်ဖို့ အရေးကြီးသလို ဝန်ထမ်းအဖွဲ့အစည်းအသီးသီးက ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့စွမ်းဆောင်ရည် အရေးကြီးတယ်လို့ပြောပါတယ်။

ဒါ့အပြင်နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရ၊ပုဂ္ဂလိက ဘယ်ကဏ္ဍမှာမဆို စီမံခန့်ခွဲ့အုပ်ချုပ်မှု၊ ဝန်ဆောင်မှု၊ လုပ်ငန်းအကောင်းအထည်ဖော်မှုတွေကို စဉ်ဆက်မ ပြတ်အောင်မြင်အောင်ဆောင်ရွက်ဖို့ လူ့စွမ်းအင်အရင်းအမြစ်တွေက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်လို့ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)