AA အဖွဲ့က ဇက်သင်္ဘောကို ချောင်းမြောင်းပစ်ခတ်ဟု တပ်မတော်ထုတ်ပြန်

0
39

ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းမှာအသုံးပြုမယ့် မြေတူးစက်သုံးစီး၊ မြေကော်ယာဉ်တစ်စီးနဲ့ မြေညှိစက်တစ်စီး တင်ဆောင်ထားတဲ့ ပင်လယ်မင်းသမီး ဇက်သင်္ဘော တစ်စင်းကို နိုဝင်ဘာ ၃၀ ရက် ညပိုင်းက ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီး ကုလားတန်မြစ်အတွင်းမှာ AA အဖွဲ့က ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။


အဲဒီလိုတိုက်ခိုက်ခဲ့တဲ့အပြင် ရေယာဉ်အမှုထမ်းတွေကို ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ပြီး လက်ကိုင် တယ်လီဖုန်း တွေနဲ့ငွေတွေကို သိမ်းဆည်းယူဆောင်သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။
ဖြစ်စဉ်မှာ ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းမှာအသုံးပြုမယ့် မြေတူးစက်သုံးစီး၊ မြေကော်ယာဉ်တစ်စီးနဲ့ မြေညှိစက်တစ်စီး တင်ဆောင်ထားတဲ့ ပင်လယ်မင်းသမီး ဇက်သင်္ဘောက နိုဝင်ဘာ ၂၅ ရက်နေ့မှာ စစ်တွေ ကနေ ကျောက်တော်မြို့ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ် ။

နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျောက်တော်မြို့ကနေ ပလက်ဝသို့ ထွက်ခွာခဲ့ကြောင်း၊ ကျောက်တော်မြို့နယ်၊ မြောက်တောင်ကျေးရွာအနီးရောက်ရှိစဉ်မှာ မြစ်အတွင်းမှာ သောင်တင်ခဲ့တာကြောင့် စက်ရှိန်မြှင့်ရုန်းထွက် ဖို့ဆောင်ရွက်ရာမှာ ပန်ကာရွက်ကျိုးသွားခဲ့တဲ့အတွက် အဲဒီနေရာမှာပဲ ညအိပ်အခြေပြုခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းရောက်မှ သင်္ဘောကို ပြန်လည်ပြုပြင်ပြီး ဆက်လက် ထွက်ခွာလာခဲ့ရာ တင်းမကျေးရွာကိုအရောက် ရွာရဲ့ အနောက်ဘက်ကမ်းကနေ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။


AA အဖွဲ့က သင်္ဘောပေါ်ကို ရောက်ရှိလာပြီးတော့ ရေယာဉ်အမှုထမ်းတွေကို လက်ပြန်ကြိုးတုပ် ကမ်းပေါ်ကို ခေါ်ဆောင်စစ်ဆေးမှုတွေ ပြုလုပ်ပြီး လက်ကိုင်တယ်လီဖုန်း လေးလုံး နဲ့ ငွေကျပ် သုံးသိန်းခန့်ကို ယူဆောင်ပြီး ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း၊ အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် သင်္ဘောမောင်းခန်းရှိ လေကာမှန်ငါးချပ်နှင့် သင်္ဘောမီးဆလိုက်တစ်ခု၊ မြေကော်ယာဉ်တစ်စီးရဲ့ ရှေ့လေကာမှန်နှင့် နောက်ဘက် လေကာမှန်များ ကွဲကြေပျက်စီးခဲ့တာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။




ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းမှာအသုံးပြုမယ့် မြေတူးစက်သုံးစီး၊ မြေကော်ယာဉ်တစ်စီးနဲ့  မြေညှိစက်တစ်စီး တင်ဆောင်ထားတဲ့ ပင်လယ်မင်းသမီး ဇက်သင်္ဘော တစ်စင်းကို နိုဝင်ဘာ ၃၀ ရက် ညပိုင်းက ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီး ကုလားတန်မြစ်အတွင်းမှာ  AA အဖွဲ့က ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ် ။

အဲဒီလိုတိုက်ခိုက်ခဲ့တဲ့အပြင်  ရေယာဉ်အမှုထမ်းတွေကို ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ပြီး လက်ကိုင် တယ်လီဖုန်း တွေနဲ့ငွေတွေကို သိမ်းဆည်းယူဆောင်သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။

ဖြစ်စဉ်မှာ ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းမှာအသုံးပြုမယ့် မြေတူးစက်သုံးစီး၊ မြေကော်ယာဉ်တစ်စီးနဲ့ မြေညှိစက်တစ်စီး တင်ဆောင်ထားတဲ့  ပင်လယ်မင်းသမီး ဇက်သင်္ဘောက နိုဝင်ဘာ ၂၅ ရက်နေ့မှာ စစ်တွေ ကနေ ကျောက်တော်မြို့ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ် ။

နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျောက်တော်မြို့ကနေ ပလက်ဝသို့ ထွက်ခွာခဲ့ကြောင်း၊ ကျောက်တော်မြို့နယ်၊ မြောက်တောင်ကျေးရွာအနီးရောက်ရှိစဉ်မှာ မြစ်အတွင်းမှာ သောင်တင်ခဲ့တာကြောင့် စက်ရှိန်မြှင့်ရုန်းထွက် ဖို့ဆောင်ရွက်ရာမှာ ပန်ကာရွက်ကျိုးသွားခဲ့တဲ့အတွက် အဲဒီနေရာမှာပဲ ညအိပ်အခြေပြုခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းရောက်မှ သင်္ဘောကို ပြန်လည်ပြုပြင်ပြီး  ဆက်လက် ထွက်ခွာလာခဲ့ရာ တင်းမကျေးရွာကိုအရောက် ရွာရဲ့ အနောက်ဘက်ကမ်းကနေ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

AA အဖွဲ့က  သင်္ဘောပေါ်ကို ရောက်ရှိလာပြီးတော့ ရေယာဉ်အမှုထမ်းတွေကို  လက်ပြန်ကြိုးတုပ် ကမ်းပေါ်ကို ခေါ်ဆောင်စစ်ဆေးမှုတွေ ပြုလုပ်ပြီး လက်ကိုင်တယ်လီဖုန်း လေးလုံး နဲ့ ငွေကျပ် သုံးသိန်းခန့်ကို ယူဆောင်ပြီး ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း၊ အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် သင်္ဘောမောင်းခန်းရှိ လေကာမှန်ငါးချပ်နှင့် သင်္ဘောမီးဆလိုက်တစ်ခု၊ မြေကော်ယာဉ်တစ်စီးရဲ့  ရှေ့လေကာမှန်နှင့် နောက်ဘက် လေကာမှန်များ ကွဲကြေပျက်စီးခဲ့တာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ် ။

စီမံကိန်းမှာ အသုံးပြုမယ့်  ယာဉ်၊ ယန္တရား ပို့ဆောင်တဲ့ တာဝန်ရှိသူတွေ အနေနဲ့လည်း ခရီးလမ်း လုံခြုံရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို  ကြိုတင်ခွင့်ပြုချက် တင်ပြခြင်းမရှိဘဲ သူတို့အစီအစဉ်နဲ့ သွားရောက်ခဲ့ကြတာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်း ထုြတ်ပန် ထားပါတယ်။