မြန်မာနိုင်ငံမှာ သွေးတိုးရောဂါ ဖြစ်နေသူ ငါးပုံ တစ်ပုံသာ သိပြီး ကုသမှုခံယူ

0
45
devices -->

မြန်မာနိုင်ငံမှာ သွေးတိုးရောဂါ ဖြစ်ပွားနေသူတွေထဲက ငါးပုံတစ်ပုံသာ ရောဂါဖြစ်ပွား နေတာကိုသိပြီး ကုသမှုကို ကောင်းစွာခံယူနေကြတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ဆားနှင့် အဆီကိုလျှော့စားကြကာ သွေးပေါင်ချိန် ပုံမှန် စစ်ဆေးတာတွေအပြင် ဆေးလိပ် သောက်သုံးမှု၊ အရက်အလွန်အကျွံ သောက်သုံးတာတွေကို ရှောင်ကြဖို့ကိုလည်း အဲ့ဒီဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေက တိုက်တွန်းထားတာပါ။

နိုဝင်ဘာလ ၂ ရက်နေ့က သူနာပြုတက္ကသိုလ် (ရန်ကုန်) မှာ မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့က ကြီးမှူးကျင်းပတဲ့ သွေးတိုးရောဂါ လူထု ပညာပေးဟောပြောပွဲမှာ အဲ့ဒီလို ပြောကြားခဲ့တာပါ။

ဒီလို ပြောကြားရာမှာတော့ သွးတိုးရောဂါဟာ ဘယ်သူမဆို ဖြစ်ပွားနိုင်ပြီး ကိုယ်အလေးချိန် ထိန်းညှိတာ၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာနဲ့ စိတ်ဖိအားတွေ လျော့ကျအောင် ပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။