မဲခေါင်မြစ်ဝှမ်းဒေသတွင်း ငှက်ဖျားရောဂါ ကင်းစင်ရေး ဖြေရှင်းဖို့ တိုက်တွန်း

0
40
devices -->

မဟာမဲခေါင် မြစ်ဝှမ်းဒေသအတွင်း ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးအတွက် စိန်ခေါ်မှုတွေကို ကျော်လွှား ဖြေရှင်းဖို့အတွက် ဆန်းသစ်တီထွင်တဲ့  နည်းလမ်းတွေနဲ့ လုပ်ငန်းစဉ်တွေချမှတ်ပြီး အဖွဲ့ဝင်နိုင်ငံတွေ စုစည်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြား ခဲ့ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပတဲ့    (၁၄)ကြိမ်မြောက် ဒေသတွင်း ငှက်ဖျားဆေးယဉ်ပါးမှု ကာကွယ်ထိန်းချုပ်ရေး ဦးဆောင်ကော်မတီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့  ငှက်ဖျားရောဂါဆိုင်ရာ မူဝါဒရေးရာ အကြံပေးကော်မတီက  အကြံပြုချက်တွေနဲ့ အညီ မဟာမဲခေါင်မြစ်ဝှမ်းဒေသမှာ ၂၀၂၅ ခုနှစ် Plasmodium falciparum ငှက်ဖျား ရောဂါကင်းစင်ပ ပျောက်ရေးနဲ့  ၂၀၃၀ ခုနှစ်မှာ ငှက်ဖျားရောဂါ အမျိုးအစား အားလုံးကင်းစင်ပပျောက်ရေး ရည်မှန်းချက်တွေ နဲ့ ကိုက်ညီစွာ ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မဟာမဲခေါင် မြစ်ဝှမ်းဒေသတွင်း ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေး မဟာဗျူဟာ (၂၀၁၅ – ၂၀၃၀)မှ လုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံတွေက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

မဲခေါင်မြစ်ဝှမ်းဒေသတွင်း ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး စိန်ခေါ်မှု ကျော်လွှားဖြေရှင်းဖို့ တိုက်တွန်း