LGBT ေတြအေနနဲ႔ လုပ္ငန္းခြင္ ဝင္တဲ့အခါမွာ ခြဲျခားမႈေတြရွိေန (႐ုပ္/သံ)

0
1297

ျမန္မာႏိုင္ငံမွာ LGBT ေတြအေနနဲ႕ လုပ္ငန္းခြင္အတြင္း ဝင္ေရာက္လုပ္ကိုင္ဖို႔ ခြဲျခားမႈေတြရွိေနတယ္လို႔ ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံက ၿမိဳ႕႔ႀကီးအခ်ိဳ႕မွာ LGBT ေတြအေနနဲ႕ လုပ္ငန္းခြင္အတြင္း ဝင္ေရာက္လုပ္ကိုင္ဖို႔ ေဆာင္ရြက္တ့ဲေနရာမွာ လုပ္ငန္းရွင္အခ်ိဳ႕႔က အလုပ္ကိုေသခ်ာမလုပ္ႏိုင္မွာနဲ႔ လုပ္ငန္းခြင္အတြင္း မလိုလားအပ္တ့ဲ ျပႆနာေတြ ျဖစ္ေပၚႏိုင္တယ္ဆိုကာ ခြဲျခားဆက္ဆံမႈေတြရွိေနတယ္လို႔ Colors Rainbow က ေဒၚခင္မမေအးက ေျပာပါတယ္။

Soundbite- ေဒၚခင္မမေအး (အမႈေဆာင္ဒါ႐ိုက္တာ)
Colors Rainbow

ဒီအတြက္ ကာလာရိန္းဘိုးအေနနဲ႕ LGBTေတြ အလုပ္အကိုင္ရရွိဖို႔ လုပ္ငန္းရွင္အခ်ိဳ႕ကို ေသခ်ာေဆြးေႏြးတ့ဲအခါ အလုပ္ခန္႔ဖို႔ သေဘာတူတာေတြရွိတယ္လို႔ ေျပာပါတယ္။ ဒါအျပင့္ ကိုယ္ပိုင္လုပ္ငန္း လုပ္ကိုင္လိုသူေတြကို ကိုယ္ပိုင္လုပ္ငန္းေတြဖြင့္ ႏိုင္ဖို႔ အစီအစဥ္ေတြ လုပ္ေဆာင္ေပးေနတယ္လို႔လည္း ေျပာပါတယ္။

Soundbite- ေဒၚခင္မမေအး (အမႈေဆာင္ဒါ႐ိုက္တာ)
Colors Rainbow

ကာလာရိန္းဘိုးက လုပ္ငန္းခြင္အတြင္း ၀င္ေရာက္လိုတ့ဲ LGBT ေတြကို လုပ္ငန္းနဲ႔ဆိုင္တ့ဲ ကၽြမ္းက်င္တ့ဲ သင္တန္းေတြဖြင့္လွစ္ဖို႔စီစဥ္ေနၿပီး ဟိုတယ္လုပ္ငန္းခြင္ထဲ ဝင္ေရာက္လုပ္ကိုင္လိုတ့ဲ LGBT ေတြကို ဟိုတယ္လုပ္ငန္းဆိုင္ရာ သင္တန္းေတြ ဖြင့္လွစ္ေပးဖို႔ ေဆြးေႏြးထားတယ္လို႔ ေျပာပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

LGBT တွေအနေနဲ့ လုပ်ငန်းခွင် ဝင်တဲ့အခါမှာ ခွဲခြားမှုတွေရှိနေ

မြန်မာနိုင်ငံမှာ LGBT တွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်ဖို့ ခွဲခြားမှုတွေရှိနေတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက မြို့ကြီးအချို့မှာ LGBT တွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်ဖို့ ဆောင်ရွက်တဲ့နေရာမှာ လုပ်ငန်းရှင်အချို့က အလုပ်ကိုသေချာမလုပ်နိုင်မှာနဲ့ လုပ်ငန်းခွင်အတွင်း မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်တယ်ဆိုကာ ခွဲခြားဆက်ဆံမှုတွေရှိနေတယ်လို့ Colors Rainbow က ဒေါ်ခင်မမအေးက ပြောပါတယ်။

Soundbite- ဒေါ်ခင်မမအေး (အမှုဆောင်ဒါရိုက်တာ)
Colors Rainbow

ဒီအတွက် ကာလာရိန်းဘိုးအနေနဲ့ LGBTတွေ အလုပ်အကိုင်ရရှိဖို့ လုပ်ငန်းရှင်အချို့ကို သေချာဆွေးနွေးတဲ့အခါ အလုပ်ခန့်ဖို့သဘောတူတာတွေရှိတယ်လို့ ပြောပါတယ်။ ဒါအပြင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသူတွေကို ကိုယ်ပိုင်လုပ်ငန်းတွေဖွင့် နိုင်ဖို့ အစီအစဉ်တွေ လုပ်ဆောင်ပေးနေတယ်လို့လည်း ပြောပါတယ်။

Soundbite- ဒေါ်ခင်မမအေး (အမှုဆောင်ဒါရိုက်တာ)
Colors Rainbow

ကာလာရိန်းဘိုးက လုပ်ငန်းခွင်အတွင်း ဝင်ရောက်လိုတဲ့ LGBT တွေကို လုပ်ငန်းနဲ့ဆိုင်တဲ့ ကျွမ်းကျင်တဲ့ သင်တန်းတွေဖွင့်လှစ်ဖို့စီစဉ်နေပြီး ဟိုတယ်လုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်လိုတဲ့ LGBT တွေကို ဟိုတယ်လုပ်ငန်းဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်ပေးဖို့ ဆွေးနွေးထားတယ်လို့ ပြောပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)