JMC ေကာ္မတီရဲ႕ လုပ္ငန္းစဥ္ေတြကုိ ရွင္းလင္းတင္ျပ

0
680

ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC)ရဲ႕ အတြင္းေရးမွဴးေတြက ႏိုင္ငံျခားသံတမန္ေတြ၊ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြ၊ အရပ္ဖက္လူမႈ အဖြဲ႔အစည္းေတြက တာဝန္ရွိသူေတြနဲ႔ ႏိုဝင္ဘာ ၁ ရက္ေန႔မွာ ေတြ႔ဆုံခဲ့ၿပီး JMC လုပ္ငန္းစဥ္ေတြအေၾကာင္း ရွင္းလင္း ေျပာၾကားခဲ့ပါတယ္။

ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC-U) အတြင္းေရးမွဴး (၁) ေဒါက္တာေရႊခါးရ္နဲ႔ အတြင္းေရးမွဴး (၂) ဗိုလ္မွဴးႀကီး ဝဏၰေအာင္တို႔က JMC လုပ္ငန္းစဥ္ ေဆာင္ရြက္ေနမႈ အေျခအေနေတြနဲ႔ ေအာင္ျမင္မႈ၊ အခက္အခဲေတြ အပါအဝင္ ေရွ႕လုပ္ငန္းစဥ္ေတြကုိ ေျပာၾကားခဲ့ပါတယ္။

ေတြ႔ဆံုပြဲကုိ ျပည္ေထာင္စုအဆင့္၊ တုိင္းေဒသႀကီး၊ ျပည္နယ္အဆင့္နဲ႔ ေဒသဆိုင္ရာအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီေတြက အတြင္းေရးမွဴးေတြ၊ အရပ္ဖက္ လူမႈအဖြဲ႔အစည္းေတြက ကိုယ္စားလွယ္ေတြ၊ ႏိုင္ငံျခား သံတမန္ေတြနဲ႔ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြက ကိုယ္စားလွယ္ေတြ ပါဝင္တက္ေရာက္ခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

JMC ကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြ

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)ရဲ့ အတွင်းရေးမှူးတွေက နိုင်ငံခြားသံတမန်တွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး JMC လုပ်ငန်းစဉ်တွေအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်နဲ့ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်တို့က JMC လုပ်ငန်းစဉ် ဆောင်ရွက်နေမှု အခြေအနေတွေနဲ့ အောင်မြင်မှု၊ အခက်အခဲတွေ အပါအဝင် ရှေ့လုပ်ငန်းစဉ်တွေကို ပြောကြားခဲ့ပါတယ်။

တွေ့ဆုံပွဲကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နဲ့ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတွေက အတွင်းရေးမှူးတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံခြား သံတမန်တွေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)