ပထမဦးဆုံးႀကိမ္ ကြင္းပတ္စက္ဘီးစီးၿပိဳင္ပြဲ ျမန္မာနုိင္ငံမွာ က်င္းပမယ္

0
970

ျမန္မာစက္ဘီးအားကစား ေလာကအတြက္ အထင္ကရ မွတ္တိုင္တစ္ခုျဖစ္ေစမယ့္ စက္ဘီးစီးၿပိဳင္ပြဲကို ႏုိဝင္ဘာလ ၁၁ ရက္ေန႔ မႏၱေလးၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမည္ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ အပါအဝင္ အာဆီယံ ငါးႏိုင္ငံရွိ စက္ဘီးစီး အားကစားသမားေတြက ၿပိဳင္ပြဲအမ်ိဳးအစား အသီးသီးမွာ ပါဝင္ယွဥ္ၿပိဳင္သြားၾကမွာလည္း ျဖစ္ပါတယ္။

“ဒီ ၿပိဳင္ပြဲဟာ MCF အတြက္ အေရးပါတဲ့ သမိုင္းမွတ္တိုင္သစ္ တစ္ခုျဖစ္ၿပီး ဆက္လက္ၿပီး ႏိုင္ငံအတြင္းမွာ စက္ဘီးအားကစား ပိုမို တိုးတက္ေကာင္းမြန္လာေစေရး ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္လုိ႔ “ျမန္မာႏုိင္ငံ စက္ဘီးအဖြဲ႔ခ်ဳပ္ ဥကၠ႒ႏွင့္ ျမန္ေရႊျပည္ လုပ္ငန္းစု (MSP CAT) ဥကၠ႒ျဖစ္သူ ဦးခင္ေမာင္ဝင္းက ေျပာပါတယ္။

အဲဒီစက္ဘီးစီးၿပိဳင္ပြဲမွာ အာဆီယံ ေဒသအတြင္း ပထမဦးဆံုးအႀကိမ္ေျမာက္ က်င္းပျပဳလုပ္တဲ့ ဖိတ္ေခၚ ကြင္းပတ္ စက္ဘီးစီးၿပိဳင္ပြဲ ျဖစ္တဲ့အတြက္ ထိုင္း၊ စင္ကာပူ၊ မေလးရွား၊ အင္ဒိုနီးရွား၊ အိႏိၵယနဲ႔ ျမန္မာႏိုင္ငံက ႏိုင္ငံကိုယ္စားျပဳ ပေရာ္ဖက္ရွင္နယ္ စက္ဘီးစီး အားကစားသမားေတြလည္း မႏၱေလးၿမိဳရဲ႕ အထင္ကရေနရာ တစ္ခုျဖစ္တဲ့ မႏၱေလးနန္းၿမိဳ႕႐ုိးအနီးရွိ လမ္းမႀကီးေတြမွာ အမ်ိဳးသား ၂၃ ႏွစ္ေအာက္ (Men U-23)ၿပိဳင္ပြဲနဲ႔ အမ်ိဳးသား အငယ္တန္း ၁၉ ႏွစ္ေအာက္ Men Junior (U-19) ၿပိဳင္ပြဲေတြမွာ အသီးသီး ပါဝင္ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။ ျပည္တြင္းရွိ စက္ဘီးစီးအားကစား ဝါသနာရွင္ေတြ ကြင္းပတ္ စက္ဘီးစီး ၿပိဳင္ပြဲမွာ ပါဝင္ဆင္ႏႊဲႏိုင္ဖုိ႔ အလြတ္တန္းၿပိဳင္ပြဲနဲ႔ မာစတာတန္းၿပိဳင္ပြဲေတြ ထည့္သြင္းက်င္းပမွာလည္း ျဖစ္ပါတယ္။

ဆုေငြေတြအျဖစ္ ၿပိဳင္ပြဲအမ်ိဳးအစား တစ္ခုစီအလိုက္ ပထမ၊ ဒုတိယ၊ တတိယ ရရွိသူေတြကုိ ဆုေငြေတြအေနနဲ႔ အမ်ိဳးသား ၂၃ ႏွစ္ေအာက္ႏွင့္ အမ်ိဳးသား အငယ္တန္း ၁၉ ႏွစ္ေအာက္အတြက္ ပထမဆု – အေမရိကန္ေဒၚလာ ၂,၀၀၀၊ ဒုတိယဆု – အေမရိကန္ေဒၚလာ ၁,၀၀၀၊ တတိယဆု – အေမရိကန္ေဒၚလာ ၅၀၀၊ အလြတ္တန္း ၿပိဳင္ပြဲအတြက္ ၅၀၀,၀၀၀ က်ပ္ကေန ၂၀၀,၀၀၀ က်ပ္ မာစတာတန္း ၿပိဳင္ပြဲအတြက္ ၃၀၀,၀၀၀ က်ပ္ကေန ၁၀၀,၀၀၀ က်ပ္တုိ႔ ေပးအပ္ခ်ီးျမင့္သြားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပထမဦးဆုံးကြိမ် ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲ မြန်မာနိုင်ငံမှာ ကျင်းပမယ်

မြန်မာစက်ဘီးအားကစား လောကအတွက် အထင်ကရ မှတ်တိုင်တစ်ခုဖြစ်စေမယ့် စက်ဘီးစီးပြိုင်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ မန္တလေးမြို့မှာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အာဆီယံ ငါးနိုင်ငံရှိ စက်ဘီးစီး အားကစားသမားတွေက ပြိုင်ပွဲအမျိုးအစား အသီးသီးမှာ ပါဝင်ယှဉ်ပြိုင်သွားကြမှာလည်း ဖြစ်ပါတယ်။

“ဒီ ပြိုင်ပွဲဟာ MCF အတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်သစ် တစ်ခုဖြစ်ပြီး ဆက်လက်ပြီး နိုင်ငံအတွင်းမှာ စက်ဘီးအားကစား ပိုမို တိုးတက်ကောင်းမွန်လာစေရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ “မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်ရွှေပြည် လုပ်ငန်းစု (MSP CAT) ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဝင်းက ပြောပါတယ်။

အဲဒီစက်ဘီးစီးပြိုင်ပွဲမှာ အာဆီယံ ဒေသအတွင်း ပထမဦးဆုံးအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ ဖိတ်ခေါ် ကွင်းပတ် စက်ဘီးစီးပြိုင်ပွဲ ဖြစ်တဲ့အတွက် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံက နိုင်ငံကိုယ်စားပြု ပရော်ဖက်ရှင်နယ် စက်ဘီးစီး အားကစားသမားတွေလည်း မန္တလေးမြိုရဲ့ အထင်ကရနေရာ တစ်ခုဖြစ်တဲ့ မန္တလေးနန်းမြို့ရိုးအနီးရှိ လမ်းမကြီးတွေမှာ အမျိုးသား ၂၃ နှစ်အောက် (Men U-23)ပြိုင်ပွဲနဲ့ အမျိုးသား အငယ်တန်း ၁၉ နှစ်အောက် Men Junior (U-19) ပြိုင်ပွဲတွေမှာ အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပြည်တွင်းရှိ စက်ဘီးစီးအားကစား ဝါသနာရှင်တွေ ကွင်းပတ် စက်ဘီးစီး ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ အလွတ်တန်းပြိုင်ပွဲနဲ့ မာစတာတန်းပြိုင်ပွဲတွေ ထည့်သွင်းကျင်းပမှာလည်း ဖြစ်ပါတယ်။

ဆုငွေတွေအဖြစ် ပြိုင်ပွဲအမျိုးအစား တစ်ခုစီအလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူတွေကို ဆုငွေတွေအနေနဲ့ အမျိုးသား ၂၃ နှစ်အောက်နှင့် အမျိုးသား အငယ်တန်း ၁၉ နှစ်အောက် အတွက် ပထမဆု – အမေရိကန်ဒေါ်လာ ၂,ဝ၀ဝ၊ ဒုတိယဆု – အမေရိကန်ဒေါ်လာ ၁,ဝ၀ဝ၊ တတိယဆု – အမေရိကန်ဒေါ်လာ ၅၀ဝ၊ အလွတ်တန်း ပြိုင်ပွဲအတွက် ၅၀ဝ,ဝ၀ဝ ကျပ်ကနေ ၂၀ဝ,ဝ၀ဝ ကျပ် မာစတာတန်း ပြိုင်ပွဲအတွက် ၃၀ဝ,ဝ၀ဝ ကျပ်ကနေ ၁၀ဝ,ဝ၀ဝ ကျပ်တို့ ပေးအပ်ချီးမြင့်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)