ဘဂၤလားေဒ့ရွ္ႏိုင္ငံေရာက္ ေနရပ္စြန္႔ခြာသူေတြ လက္ခံနုိင္ေရး အခုလလယ္မွာ လုပ္ေဆာင္မယ္

0
768

ဘဂၤလားေဒ့ရွ္ႏိုင္ငံေရာက္ ေနရပ္စြန္႔ခြာသူေတြ ျပန္လည္လက္ခံႏိုင္ေရး အခု ႏိုဝင္ဘာလလယ္မွာ ပထမအသုတ္ စတင္ေဆာင္ရြက္နုိင္ဖုိ႔ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ အစုိးရတို႔ သေဘာတူညီမႈ ရရွိခဲ့ပါတယ္။

တတိယအႀကိမ္ ပူးတြဲလုပ္ငန္းအဖြဲ႕အစည္းအေဝးကို ေအာက္တိုဘာ ၃၀ ရက္ေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံ အစိုးရ ဧည့္ေဂဟာမွာ က်င္းပခဲ့ၿပီး နယ္နိမိတ္ မွတ္တိုင္ ၃၄ နဲ႔ ၃၅ အၾကား ျမန္မာနယ္နိမိတ္အတြင္း ယာယီေနထိုင္သူေတြနဲ႔ ပတ္သက္ၿပီးလည္း ေဆြးေႏြးခဲ့ၾကပါတယ္။ ေဆြးေႏြးပြဲကို ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးျမင့္သူနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ႏိုင္ငံျခားေရး အတြင္းဝန္ မစၥတာ ရွာဟီဒူလ္ ဟတ္ခ္တို႔ တက္ေရာက္ ေဆြးေႏြးခဲ့ၾကပါတယ္။

အဲဒီအစည္းအေဝးမွာ ျပန္လည္ ဝင္ေရာက္လာသူေတြအတြက္ အဆင္ေျပေစမယ့္ ပတ္ဝန္းက်င္ ဖန္တီးထားရွိမႈ အေျခအေန၊ လုံၿခဳံေရး အစီအမံေတြ၊ ယုံၾကည္မႈတည္ေဆာက္ေရး အပါအဝင္ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ ေဆာင္႐ြက္ထားမႈ အေျခအေန၊ ျပန္လည္ေနရာ ခ်ထားေရးအစီအမံေတြ၊ ျပန္လည္ ဝင္ေရာက္မယ့္သူေတြ စိစစ္ေရးလုပ္ငန္းစဥ္ေတြကုိ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေ လက်ခံနိုင်ရေး အခုလလယ်မှာ လုပ်ဆောင်မယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံနိုင်ရေး အခု နိုဝင်ဘာလလယ်မှာ ပထမအသုတ် စတင်ဆောင်ရွက်နိုင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို အောက်တိုဘာ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ ဧည့်ဂေဟာမှာ ကျင်းပခဲ့ပြီး နယ်နိမိတ် မှတ်တိုင် ၃၄ နဲ့ ၃၅ အကြား မြန်မာနယ်နိမိတ်အတွင်း ယာယီနေထိုင်သူတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေး အတွင်းဝန် မစ္စတာ ရှာဟီဒူလ် ဟတ်ခ်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ ပြန်လည် ဝင်ရောက်လာသူတွေအတွက် အဆင်ပြေစေမယ့် ပတ်ဝန်းကျင် ဖန်တီးထားရှိမှု အခြေအနေ၊ လုံခြုံရေး အစီအမံတွေ၊ ယုံကြည်မှုတည်ဆောက်ရေး အပါအဝင် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ဆောင်ရွက်ထားမှု အခြေအနေ၊ ပြန်လည်နေရာ ချထားရေးအစီအမံတွေ၊ ပြန်လည် ဝင်ရောက်မယ့်သူတွေ စိစစ်ရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)