
0
1351




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာဒုက္ခသည် ၃၄ ဦး တောင်ကိုရီးယားမှာ အခြေချခွင့်ရ

ဒုက္ခသည်တွေ အခြေချခွင့်ပေးရေး အစီအစဉ်အရ မြန်မာဒုက္ခသည် ၃၄ ဦး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အခြေချခွင့်ရမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း တောင်ကိုရီးယားအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ဒုက္ခသည်တွေ လက်ခံတာ ဖြစ်တယ်လို့ အီးပီအေ သတင်းမှာ ဖော်ပြထားပါတယ်။ ဒုက္ခသည်တွေဟာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ အင်ချွန်လေဆိပ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းက ဖြစ်ပြီး သူတို့ဟာ အင်ချွန်နဲ့ ဂျီယိုလာနမ်ဒိုရှိ တောင်ကိုရီးယား လူဝင်မှုကြီးကြပ်ရေး စင်တာတွေမှာ ခေတ္တ နေထိုင်ကာ ဘာသာစကားသင်တန်း၊ ယဉ်ကျေးမှု မိတ်ဆက်သင်တန်းတွေ တက်ရောက်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)