ဖုန္းဆက္ အေယာင္ေဆာင္ လိမ္လည္မႈေတြကို တ႐ုတ္နဲ႔ အာဆီယံ ပူးေပါင္း ႏွိမ္နင္းမယ္

0
1222

အာဆီယံေဒသတြင္းမွာ ျဖစ္ပြားေနတဲ့ ဖုန္းဆက္ အေယာင္ေဆာင္ လိမ္လည္မႈေတြကို တ႐ုတ္ႏိုင္ငံကလည္း ပူးေပါင္း ႏွိမ္နင္းသြားမွာ ျဖစ္ပါတယ္။ ဖုန္းဆက္ အေယာင္ေဆာင္ လိမ္လည္မႈေတြထဲမွာ လိမ္လည္သူေတြက တ႐ုတ္အရာရွိေတြအျဖစ္ အေယာင္ေဆာင္မႈေတြလည္း ရွိေနပါတယ္။

ေနျပည္ေတာ္မွာ မေန႔က ႏိုဝင္ဘာလ ၁ ရက္ေန႔မွာ က်င္းပတဲ့ အာဆီယံဝန္ႀကီးအဆင့္ ႏိုင္ငံျဖတ္ေက်ာ္ မႈခင္းတိုက္ဖ်က္ေရးဆိုင္ရာ အစည္းအေဝးအတြင္း တ႐ုတ္နဲ႔ အာဆီယံတို႔ အခုလို သေဘာတူခဲ့တာ ျဖစ္ပါတယ္။

လိမ္လည္မႈေတြမွာ အမ်ားစုက တ႐ုတ္ မန္ဒရင္း ဘာသာနဲ႔ မက္ေဆ့ခ်္ပို႔ၿပီး တ႐ုတ္အရာရွိနဲ႔ စကားေျပာဖို႔ လိုတယ္ဆိုၿပီး ၿခိမ္းေျခာက္ေငြညွစ္တာ၊ ဖုန္းကုမၸဏီ ဝန္ထမ္းအေယာင္ေဆာင္ၿပီး ဝန္ေဆာင္မႈ လိမ္လည္တာ၊ ဖုန္းနံပါတ္ဟာ တရားမဝင္သံုးေနတာ ျဖစ္တယ္ဆိုၿပီး ကိုယ္ေရးကုိယ္တာ အခ်က္အလက္ေတြ ေတာင္းယူတာ၊ အြန္လိုင္းဘဏ္အေကာင့္ အဟက္ခံေနရတယ္ဆိုၿပီး ဘဏ္ဆိုင္အရာ အခ်က္အလက္နဲ႔ ပတ္စ္ဝပ္ေတြ ေတာင္းယူၿပီး ေငြခိုးလႊဲတာေတြ ပါဝင္ပါတယ္။ စင္ကာပူႏိုင္ငံမွာ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလကစၿပီး အဲဒီလို ဖုန္းနဲ႔ အေယာင္ေဆာင္ လိမ္လည္မႈေတြ တေက်ာ့ျပန္ ျဖစ္ပြားေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖုန်းဆက် အယောင်ဆောင် လိမ်လည်မှုတွေကို တရုတ်နဲ့ အာဆီယံ ပူးပေါင်း နှိမ်နင်းမယ်

အာဆီယံဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ ဖုန်းဆက် အယောင်ဆောင် လိမ်လည်မှုတွေကို တရုတ်နိုင်ငံကလည်း ပူးပေါင်း နှိမ်နင်းသွားမှာ ဖြစ်ပါတယ်။ ဖုန်းဆက် အယောင်ဆောင် လိမ်လည်မှုတွေထဲမှာ လိမ်လည်သူတွေက တရုတ်အရာရှိတွေအဖြစ် အယောင်ဆောင်မှုတွေလည်း ရှိနေပါတယ်။

နေပြည်တော်မှာ မနေ့က နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပတဲ့ အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးအတွင်း တရုတ်နဲ့ အာဆီယံတို့ အခုလို သဘောတူခဲ့တာ ဖြစ်ပါတယ်။

လိမ်လည်မှုတွေမှာ အများစုက တရုတ် မန်ဒရင်း ဘာသာနဲ့ မက်ဆေ့ချ်ပို့ပြီး တရုတ်အရာရှိနဲ့ စကားပြောဖို့ လိုတယ်ဆိုပြီး ခြိမ်းခြောက်ငွေညှစ်တာ၊ ဖုန်းကုမ္ပဏီ ဝန်ထမ်းအယောင်ဆောင်ပြီး ဝန်ဆောင်မှု လိမ်လည်တာ၊ ဖုန်းနံပါတ်ဟာ တရားမဝင်သုံးနေတာ ဖြစ်တယ်ဆိုပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ တောင်းယူတာ၊ အွန်လိုင်းဘဏ်အကောင့် အဟက်ခံနေရတယ်ဆိုပြီး ဘဏ်ဆိုင်အရာ အချက်အလက်နဲ့ ပတ်စ်ဝပ်တွေ တောင်းယူပြီး ငွေခိုးလွှဲတာတွေ ပါဝင်ပါတယ်။ စင်ကာပူနိုင်ငံမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကစပြီး အဲဒီလို ဖုန်းနဲ့ အယောင်ဆောင် လိမ်လည်မှုတွေ တကျော့ပြန် ဖြစ်ပွားနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)