ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္း ျမန္မာနဲ႔ လက္မွတ္ထိုးေတာ့မယ္လို႔ တ႐ုတ္ ေျပာ

0
958

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း စီမံကိန္း တည္ေဆာက္ေရး သေဘာတူညီခ်က္အတြက္ ျမန္မာအစိုးရနဲ႔ တ႐ုတ္ အစိုးရပိုင္ CITIC Group တို႔အၾကား လာမယ့္ သတင္းပတ္မွာ လက္မွတ္ေရးထိုးေတာ့မယ္လို႔ တ႐ုတ္အစိုးရအာေဘာ္ ဂလိုဘယ္ တိုင္းမ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

စီမံကိန္းမွာ ရင္းႏွီးျမွဳပ္ႏွံမႈ ပမာဏကို တ႐ုတ္အစိုးရက ၈၅ ရာခိုင္ႏႈန္းကေန ၇၀ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ေပးလိုက္ၿပီးေနာက္ သေဘာတူညီခ်က္ ရလာတာ ျဖစ္တယ္လို႔ တ႐ုတ္သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး ေဖာ္ျပပါတယ္။

ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း စီမံကိန္း ပထမအဆင့္မွာ အေမရိကန္ေဒၚလာ ၁ ဒသမ ၃ ဘီလီယံနဲ႔ အေကာင္အထည္ ေဖာ္မွာ ျဖစ္ပါတယ္။ မူေဘာင္ သေဘာတူညီခ်က္ကို ေက်ာက္ျဖဴ အထူး စီးပြားေရးဇဳန္ စီမံခန္႔ခြဲေရး ေကာ္မတီနဲ႔ CITIC တို႔အၾကား ႏိုဝင္ဘာလ အေစာပိုင္းမွာ လက္မွတ္ေရးထိုးမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း မြန်မာနဲ့ လက်မှတ်ထိုးတော့မယ်လို့ တရုတ် ပြော

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရေး သဘောတူညီချက်အတွက် မြန်မာအစိုးရနဲ့ တရုတ် အစိုးရပိုင် CITIC Group တို့အကြား လာမယ့် သတင်းပတ်မှာ လက်မှတ်ရေးထိုးတော့မယ်လို့ တရုတ်အစိုးရအာဘော် ဂလိုဘယ် တိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။

စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏကို တရုတ်အစိုးရက ၈၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းကို လျှော့ချပေးလိုက်ပြီးနောက် သဘောတူညီချက် ရလာတာ ဖြစ်တယ်လို့ တရုတ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း ပထမအဆင့်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံနဲ့ အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။ မူဘောင် သဘောတူညီချက်ကို ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီနဲ့ CITIC တို့အကြား နိုဝင်ဘာလ အစောပိုင်းမှာ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)