
0
347



………………. ။ ။ …………………..

မြိတ်ကမ်းနားလမ်းမှာ ဈေးဆိုင်မီးလောင်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ နာရီစင်လမ်းနဲ့ ကမ်းနားလမ်းရှိ ကုန်မာ ပစ္စည်းအရောင်းဆိုင် မနေ့က နိုဝင်ဘာ ၁ ရက်မှာ မီးလောင်ခဲ့ပါတယ်။

ဦးစိုးမြင့် ပိုင်ဆိုင်တဲ့ ကုန်မာပစ္စည်းဆိုင်ဟာ ဦးစိုးမြင့်ရဲ့သား စိုးမင်းအောင် အိပ်ခန်းထဲက အဲယားကွန်း အပူလွန်ကဲရာကနေ ည ၇ နာရီကျော်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ မီးသတ်တပ်ဖွဲ့တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ၅ သိန်းခန့် ရှိပါတယ်။

မီးသတ်ဆေးဘူးတွေ ရှိပေမယ့် မီးလောင်စမှာ အသုံးပြု ငြိမ်းသတ်ခြင်း မရှိတာကို စစ်ဆေးတွေ့ရှိရပြီး စိုးမင်းအောင်ကို မြိတ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)