ဒေါ်အောင်ဆန်စုကြည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့အတူ တိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ စစ်တွေမှာတွေ့ဆုံ

0
348

ရခိုင်ပြည်နယ်ကို နေ့ချင်းပြန်ခရီးရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်ဟာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့ပါတယ်။ စစ်တွေ့မြို့လေဆိပ်ရှိ ခန်းမဆောင်မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက် ၈ နာရီအချိန်လောက်က တွေ့ဆုံခဲ့တာပါ။

အဲ့ဒီတွေ့ဆုံမှုအတွင်းမှာတော့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီအဖွဲ့ဝင်တွေအပြင် ရခိုင်လူငယ်တွေနဲ့အတူ မြို့၊ သက်၊ ဒိုင်းနက်စတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

 

အဲ့ဒီတွေ့ဆုံမှုထဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မြောက်ပိုင်း ရေတိုကာလ ဦးစားပေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်တွေကို အဓိကထား လမ်းညွှန်ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)