ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ကို နေချင်းပြန်ခရီး ရောက်ရှိ

0
292

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ကို နေချင်းပြန်ခရီး အနေနဲ့ ရောက်ရှိနေပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့မှာ နေချင်းပြန် ခရီးစဉ်အနေနဲ့ သွားရောက်နေတာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က MCN သတင်းဌာနကို အတည်ပြုပြောကြားပါတယ်။

ဒီခရီးစဉ်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောဒေသအထိကို သွားရောက်ဖြစ်ပါတယ်။

မနက် ၈ နာရီခွဲအချိန် ရခိုင်ပြည်နယ်သတင်းထောက်ရဲ့ သတင်းပေးပို့မှုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တွေလေဆိပ်ကို ရောက်ရှိနေပြီလဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)