
0
132




ယူနီကုဒ် စံစနစ် သံတမန် ဖြစ်ရတာ ဂုဏ်ယူကြောင်း သက်ထားသူဇာ ပြော


မြန်မာ ယူနီကုဒ် စံစနစ် ကူးပြောင်းရေးအတွက် သံတမန်တစ်‌ယာက် ဖြစ်ရတာ အများကြီး ဂုဏ်ယူကြောင်း ကြက်တောင် အားကစာမယ် သက်ထားသူဇာက ပြောပါတယ်။


ယူနီကုတ်ပဲ သုံးတော့မှာ ဖြစ်ကြောင်း၊ အစပိုင်းတော့ နည်းနည်းခက်ပေမယ့် အခုတော့ ရေးရတာ လက်ပ်တော့ ကွန်ပြူတာမှောရော ဖုန်းမှာပါ အဆင်‌ပြေသွားပြီ ဖြစ်ကြောင်းနဲ့ Gboard မှာဆို အသံနဲ့ စာရိုက်လို့ရကြောင်း၊ တခါတလေ မှားတာ‌တွေက ရယ်ရကြောင်း သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။


ယူနီကုဒ်က စံသတ်မှတ်ချက်ဖြစ်ပြီး အစိုးရနဲ့ ချိတ်ဆက်တဲ့နေရာတွေမှာ တရားဝင် e-Government system တွေမှာ သုံးနေကြကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ယူနီကုဒ် သုံးကြဖို့ လိုတယ်လို့ပြောကြောင်းနဲ့ အားလုံး စည်းစည်းလုံးလုံးနဲ့ အတူတူ ယူနီကုဒ်သုံးကြစို့လို့လည်း ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)