ထုိင္း ငါးဖမ္းေရလုပ္ငန္းမွာ ျမန္မာလုပ္သား ၆၀ ေက်ာ္ ေစလႊတ္ (႐ုပ္/သံ)

0
1009

ထုိင္းငါးဖမး္ေရလုပ္ငနး္ေတြမွာ တစ္ပတ္အတြင္း ျမန္မာလုပ္သား ၆၀ေက်ာ္ ေစလႊတ္ႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

ထုိင္းႏုိင္ငံကုိ ေရာက္ရွိေနတဲ့ တရားမ၀င္ ျမန္မာေရလုပ္သားေတြကို ထိုင္းငါးဖမ္းစက္ေလွေပၚမွာ တရား၀င္ လုပ္ကိုင္ႏိုင္ဖို႔အတြက္ ေရလုပ္သားလက္ခံေရး စင္တာဖြင့္လွစ္ၿပီးေနာက္ တရားမ၀င္ ျမန္မာေရလုပ္သား ၆၀ ေက်ာ္ကို တရား၀င္ လုပ္သားေတြအျဖစ္ လုပ္ေဆာင္ေပးၿပီး ေစလႊတ္ႏုိင္ခဲ့တာျဖစ္တယ္လို႔ အလုပ္သမား ညႊန္ၾကားေရးဦးစီးဌာနက ေျပာပါတယ္။

Soundbite – ဦး၀င္းရွိန္ (ညြန္ၾကားေရးမွဴးခ်ဴပ္)
အလုပ္သမားညြန္ၾကားေရးဦးစီးဌာန

ထိုင္းငါးဖမ္းစက္ေလွေတြေပၚမွာ ျမန္မာေရလုပ္သားေတြအေနနဲ႔ အရင္က လုပ္ခလစာနဲ႔ အလုပ္သမား အခြင့္အေရး ေခါင္းပုံျဖတ္ခံရတာရွိခဲ့တဲ့အတြက္ တရား၀င္လုပ္ကိုင္ခြင့္ရပါက လုပ္ခအျပည့္အ၀ရရွိတာေတြ အျပင္ စာရြက္စာတမ္းအေထာက္အထားကိုင္ေဆာင္ခြင့္၊ အာမခံထားရွိခြင့္၊ေဆးကုသခြင့္၊ခြင့္ခံစားခြင့္၊ ခရီးသြား လာခြင့္စတာေတြရရွိခံစားရမွာလည္းျဖစ္ပါတယ္။

Soundbite – ဦး၀င္းရွိန္ (ညြန္ၾကားေရးမွဴးခ်ဴပ္)
အလုပ္သမားညြန္ၾကားေရးဦးစီးဌာန

ထိုင္းႏိုင္ငံကုိေရာက္ရွိေနတဲ့ တရားမ၀င္ျမန္မာေရလုပ္သား သုံးေသာင္းေက်ာ္ခန္႔ရွိၿပီး ျမန္မာေရလုပ္သား ေတြ တရား၀င္လုပ္ကိုင္ခြင့္ရရွိေရးအတြက္ ျမန္မာေရလုပ္သားေတြ လက္ခံေရးစခန္းကို ထိုင္းႏုိင္ငံ ရေနာင္းၿမိဳ႕မွာဖြင့္လွစ္ထားၿပီး ျမန္္မာဘက္ ျခမ္းမွာေတာ့ ေကာ့ေသာင္းၿမိဳ႔မွာ one stop service စင္တာအေနနဲ႕ဖြင့္သြားမွာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်း ငါးဖမ်းရေလုပ်ငန်းမှာ မြန်မာလုပ်သား ၆၀ ကျော် စေလွှတ်

ထိုင်းငါးဖမး်ရေလုပ်ငနး်တွေမှာ တစ်ပတ်အတွင်း မြန်မာလုပ်သား ၆၀ကျော် စေလွှတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ တရားမဝင် မြန်မာရေလုပ်သားတွေကို ထိုင်းငါးဖမ်းစက်လှေပေါ်မှာ တရားဝင် လုပ်ကိုင်နိုင်ဖို့အတွက် ရေလုပ်သားလက်ခံရေး စင်တာဖွင့်လှစ်ပြီးနောက် တရားမဝင် မြန်မာရေလုပ်သား ၆၀ ကျော်ကို တရားဝင် လုပ်သားတွေအဖြစ် လုပ်ဆောင်ပေးပြီး စေလွှတ်နိုင်ခဲ့တာဖြစ်တယ်လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ပြောပါတယ်။

Soundbite – ဦးဝင်းရှိန် (ညွန်ကြားရေးမှူးချူပ်)
အလုပ်သမားညွန်ကြားရေးဦးစီးဌာန

ထိုင်းငါးဖမ်းစက်လှေတွေပေါ်မှာ မြန်မာရေလုပ်သားတွေအနေနဲ့ အရင်က လုပ်ခလစာနဲ့ အလုပ်သမား အခွင့်အရေး ခေါင်းပုံဖြတ်ခံရတာရှိခဲ့တဲ့အတွက် တရားဝင်လုပ်ကိုင်ခွင့်ရပါက လုပ်ခအပြည့်အဝရရှိတာတွေ အပြင် စာရွက်စာတမ်းအထောက်အထားကိုင်ဆောင်ခွင့်၊ အာမခံထားရှိခွင့်၊ဆေးကုသခွင့်၊ခွင့်ခံစားခွင့်၊ ခရီးသွား လာခွင့်စတာတွေရရှိခံစားရမှာလည်းဖြစ်ပါတယ်။

Soundbite – ဦးဝင်းရှိန် (ညွန်ကြားရေးမှူးချူပ်)
အလုပ်သမားညွန်ကြားရေးဦးစီးဌာန

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ တရားမဝင်မြန်မာရေလုပ်သား သုံးသောင်းကျော်ခန့်ရှိပြီး မြန်မာရေလုပ်သား တွေ တရားဝင်လုပ်ကိုင်ခွင့်ရရှိရေးအတွက် မြန်မာရေလုပ်သားတွေ လက်ခံရေးစခန်းကို ထိုင်းနိုင်ငံ ရနောင်းမြို့မှာဖွင့်လှစ်ထားပြီး မြန်မာဘက် ခြမ်းမှာတော့ ကော့သောင်းမြို့မှာ one stop service စင်တာအနေနဲ့ဖွင့်သွားမှာဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)