
0
1142




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖခင်က ဖုန်းမသုံးဖို့ တားမြစ်လို့ သမီးဖြစ်သူ အဆိပ်သောက် သေဆုံး

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့မြို့မှာ ဖခင်ဖြစ်သူက ဖုန်းမသုံးဖို့ တားမြစ်တဲ့အတွက် သမီးဖြစ်သူက စိတ်ဆိုးပြီး အဆိပ်သောက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်မှာ စက်တင်ဘာ ၃၀ ရက်နေ့က ဖခင်ဖြစ်သူ ဦးဇော်က ဖုန်းမသုံးဖို့ တားမြစ်တဲ့အတွက် သမီးဖြစ်သူ မသင်းသင်းမြတ် (၁၉ နှစ်) က စိတ်ဆိုးကာ ပဲပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက် ဆေးပြားတွေကို သံပုရာရည်နဲ့ ရောပြီး သောက်ခဲ့ရာက သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အလောင်းကို ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ရွှေဘိုမြို့မရဲစခန်း သေမှုသေခင်းအဖြစ် အမှုဖွင့်စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)