
0
901




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Yoma Strategic က အကြီးစား စက်ပစ္စည်းကိရိယာ ငှားရမ်းကဏ္ဍကို ဝင်ရောက်မယ်

ရိုးမ မဟာဗျူဟာ ဦးပိုင်လီမိတက် (Yoma Strategic)ရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ Yoma Fleet က မော်တော်ကားတွေနဲ့ အကြီးစား စက်ပစ္စည်းကိရိယာတွေ ငှားရမ်းတဲ့ကဏ္ဍကို ဝင်ရောက်လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။

Caterpillar စက်ယန္တရားပေါင်း ၆၃ ခု အပါအဝင် အကြီးစား စက်ပစ္စည်းကိရိယာ ၇၁ ခု ပါဝင်တဲ့ MSP CAT ရဲ့ စက်ပစ္စည်း အငှားလုပ်ငန်းကို Yoma Fleet က ရှေးဦးစွာ ပျမ်းမျှ အမေရိကန် ဒေါ်လာ ၇ သန်းနီးပါး အသုံးပြုပြီး ဘဏ္ဍာရေး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့်နှစ်တွေအတွင်း စက်ပစ္စည်းကိရိယာ ငှားရမ်းမှု လိုအပ်ချက် များစွာလိုအပ်လာမှာ ဖြစ်တဲ့အတွက် အခုအချိန်ဟယ ကျွန်တော်တို့ မိတ်ဖက်မှုအတွက် အကောင်းဆုံးအချိန်ဖြစ်တယ်လို့ MSP CAT ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ် ဦးခင်မောင်ဝင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)