ရန္ကုန္-မႏၲေလး အျမန္လမ္းမွာ Express ႏွစ္စီးတိုက္မိ၊ ၁၄ ဦး ေသဆံုး

0
245

ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္ ၂၂၉ အနီးမွာ ရပ္ထားတဲ့ ဘုရားဖူးကား Express တစ္စီးကို တျခား Express တစ္စီးက ေနာက္ကေန ဝင္တိုက္မိလို႔ ၁၄ ဦး ေသဆံုးၿပီး ၄၂ ဦး အတြင္းလူနာအျဖစ္ ေဆးကုသမႈ ခံယူေနရပါတယ္။

ေအာက္တိုဘာ ၁ ရက္ ည ၁၁ နာရီခန္႔က ေလအိတ္ေပါက္လို႔ စံုမီးဖြင့္ထားၿပီး သစ္ကိုင္းေတြခ်ကာ လမ္းတစ္ဝက္ ေျမသားတစ္ဝက္ ရပ္ထားေသာ ဘုရားဖူးယာဥ္ “ေက်းဇူးရွင္” ကို “အရိႏၵမာ” ခရီးသည္တင္ယာဥ္က ဝင္တိုက္မိခဲ့တာျဖစ္ၿပီး ကားႏွစ္စီးလုံး ပ်က္စီးသြားကာ ခရီးသည္ အမ်ိဳးသား ၇ ဦး၊ အမ်ိဳးသမီး ၇ ဦး၊ စုစုေပါင္း ၁၄ ဦး ေသဆုံးၿပီး အမ်ိဳးသား ၁၈ ဦး၊ အမ်ိဳးသမီး ၂၄ ဦး၊ စုစုေပါင္း ၄၂ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

ဝင္တိုက္မိတဲ့ အရိႏၵမာ ယာဥ္ေပၚက အမ်ိဳးသမီး ၁ ဦး ေသဆံုးၿပီး က်န္ေသဆံုးသူေတြက ေက်းဇူးရွင္ယာဥ္ေပၚက ျဖစ္ပါတယ္။ အရိႏၵမာယာဥ္ေမာင္းကေတာ့ ထြက္ေျပးသြားတယ္လို႔ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႔မႉး႐ံုးက သတင္း ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ Express နှစ်စီးတိုက်မိ၊ ၁၄ ဦး သေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၂၉ အနီးမှာ ရပ်ထားတဲ့ ဘုရားဖူးကား Express တစ်စီးကို တခြား Express တစ်စီးက နောက်ကနေ ဝင်တိုက်မိလို့ ၁၄ ဦး သေဆုံးပြီး ၄၂ ဦး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။

အောက်တိုဘာ ၁ ရက် ည ၁၁ နာရီခန့်က လေအိတ်ပေါက်လို့ စုံမီးဖွင့်ထားပြီး သစ်ကိုင်းတွေချကာ လမ်းတစ်ဝက် မြေသားတစ်ဝက် ရပ်ထားသော ဘုရားဖူးယာဉ် “ကျေးဇူးရှင်” ကို “အရိန္ဒမာ” ခရီးသည်တင်ယာဉ်က ဝင်တိုက်မိခဲ့တာဖြစ်ပြီး ကားနှစ်စီးလုံး ပျက်စီးသွားကာ ခရီးသည် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးပြီး အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၄၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဝင်တိုက်မိတဲ့ အရိန္ဒမာ ယာဉ်ပေါ်က အမျိုးသမီး ၁ ဦး သေဆုံးပြီး ကျန်သေဆုံးသူတွေက ကျေးဇူးရှင်ယာဉ်ပေါ်က ဖြစ်ပါတယ်။ အရိန္ဒမာယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)