ျမန္မာေတြ ကယ္ဆယ္ထားတဲ့ အိႏၵိယေရလုပ္သား ေနရပ္ျပန္ဖို႔ ေစာင့္ဆိုင္းေနဆဲ

0
192

ၿပီးခဲ့တဲ့ ဇူလိုင္ ၃၁ ရက္ေန႔မွာ ငါးဖမ္းထြက္လာၿပီးေနာက္ ေလွပ်က္ၿပီး ပင္လယ္ထဲမွာ ၁၅ ရက္ၾကာ ေမ်ာပါၿပီးေနာက္ ျမန္မာေရပိုင္နက္ထဲကို ေရာက္လာလို႔ ျမန္မာအာဏာပိုင္ေတြက ကယ္ဆယ္ထားတဲ့ အိႏၵိယ ႏိုင္ငံသား ဘစၥဝါနတ္ ရြိဳင္ (၄၉ ႏွစ္) ဟာ ျမန္မာႏိုင္ငံမွာ ႏွစ္လၾကာသည့္တိုင္ အိႏၵိယကို ျပန္ဖို႔ ေစာင့္ဆိုင္းေနရဆဲ ျဖစ္ပါတယ္။

ဧရာဝတီတိုင္း၊ ဖ်ာပံုၿမိဳ႕နယ္အနီးမွာ ရြိဳင္ကို ရဲေတြက ေတြ႔ရွိၿပီးေနာက္ အိႏၵိယကလို႔ ထင္တဲ့အတြက္ ဟင္ဒီ စကား ေျပာတတ္သူေတြ ေခၚယူၿပီး ေမးျမန္းကာ ဟိႏၵဴအသိုင္းအဝိုင္းေတြရွိတဲ့ ကာလီမယ္ေတာ္ေက်ာင္းမွာ ေခၚယူ ေစာင့္ေရွာက္ထားတာ ျဖစ္တယ္လို႔ အိႏၵိယ အိက္စ္ပရက္စ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

ရြိဳင္က အိႏၵိယကို ျပန္ဖို႔ လိုအပ္တဲ့ စာရြက္စာတမ္း အေထာက္အထားေတြ ေစာင့္ဆိုင္းေနရတာ ျဖစ္ပါတယ္။ ျမန္မာေတြကို ေက်းဇူးတင္ေၾကာင္း၊ သူခိုလံႈေနတဲ့ ေနရာမွာ အိႏၵိယ မ်ိဳးႏြယ္ တမီးလ္နဲ႔ ေတလဂူက ဆင္းသက္လာသူေတြ ရွိေၾကာင္း၊ ကာလီ၊ သွ်ီဝ၊ ရာမ ဘုရားေက်ာင္းေတြလည္း အမ်ားအျပားရွိေၾကာင္း မစၥတာ ရြိဳင္က သတင္းဌာနကုိ ဖုန္းနဲ႔ ေျဖၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာတွေ ကယ်ဆယ်ထားတဲ့ အိန္ဒိယရေလုပ်သား နေရပ်ပြန်ဖို့ စောင့်ဆိုင်းနေဆဲ

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ငါးဖမ်းထွက်လာပြီးနောက် လှေပျက်ပြီး ပင်လယ်ထဲမှာ ၁၅ ရက်ကြာ မျောပါပြီးနောက် မြန်မာရေပိုင်နက်ထဲကို ရောက်လာလို့ မြန်မာအာဏာပိုင်တွေက ကယ်ဆယ်ထားတဲ့ အိန္ဒိယ နိုင်ငံသား ဘစ္စဝါနတ် ရွိုင် (၄၉ နှစ်) ဟာ မြန်မာနိုင်ငံမှာ နှစ်လကြာသည့်တိုင် အိန္ဒိယကို ပြန်ဖို့ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အနီးမှာ ရွိုင်ကို ရဲတွေက တွေ့ရှိပြီးနောက် အိန္ဒိယကလို့ ထင်တဲ့အတွက် ဟင်ဒီ စကား ပြောတတ်သူတွေ ခေါ်ယူပြီး မေးမြန်းကာ ဟိန္ဒူအသိုင်းအဝိုင်းတွေရှိတဲ့ ကာလီမယ်တော်ကျောင်းမှာ ခေါ်ယူ စောင့်ရှောက်ထားတာ ဖြစ်တယ်လို့ အိန္ဒိယ အိက်စ်ပရက်စ် သတင်းမှာ ဖော်ပြထားပါတယ်။

ရွိုင်က အိန္ဒိယကို ပြန်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။ မြန်မာတွေကို ကျေးဇူးတင်ကြောင်း၊ သူခိုလှုံနေတဲ့ နေရာမှာ အိန္ဒိယ မျိုးနွယ် တမီးလ်နဲ့ တေလဂူက ဆင်းသက်လာသူတွေ ရှိကြောင်း၊ ကာလီ၊ သျှီဝ၊ ရာမ ဘုရားကျောင်းတွေလည်း အများအပြားရှိကြောင်း မစ္စတာ ရွိုင်က သတင်းဌာနကို ဖုန်းနဲ့ ဖြေကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)