ဗီယက္နမ္ တကၠစီကုမၸဏီ FastGo ျမန္မာႏိုင္ငံမွာ ဝန္ေဆာင္မႈ ေပးမယ္

0
773

ဗီယက္နမ္ တကၠစီဝန္ေဆာင္မႈ လုပ္ငန္းျဖစ္တဲ့ FastGo က ျမန္မာႏိုင္ငံနဲ႔ အင္ဒိုနီးရွားႏိုင္ငံတို႔မွာ ဒီႏွစ္ကုန္ကစၿပီး ဝန္ေဆာင္မႈေပးေတာ့မွာျဖစ္ၿပီး FastGo ရဲ႕ ပထမဆံုး ႏိုင္ငံတကာေစ်းကြက္ကို ေျခခ်မႈလည္း ျဖစ္ပါတယ္။

FastGo ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ငုယင္ဟူတြတ္က ျမန္မာႏိုင္ငံမွာ Grab ၿပီးရင္ ဒုတိယေျမာက္ ေစ်းကြက္ကို ရရွိဖို႔နဲ႔ အင္ဒိုနီးရွားမွာ ေစ်းကြက္ ၃၀ ရာခိုင္ႏႈန္း ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ဗီယက္နမ္ နယူးစ္ သတင္းဌာနကို ေျပာထားပါတယ္။

ကြ်န္ေတာ္တို႔နဲ႔ ဆက္စပ္တဲ့ မဟာဗ်ဴဟာရွိတဲ့အတြက္ ျမန္မာနဲ႔ အင္ဒိုနီးရွားမွာ လုပ္ငန္းခ်ဲ႕ထြင္ဖို႔ ေရြးခ်ယ္တာ ျဖစ္တယ္၊ ကြ်န္ေတာ္တို႔ ဝန္ေဆာင္မႈေတြကိုစတင္ဖို႔ ေစ်းကြက္ထဲမွာ မဟာဗ်ဴဟာေျမာက္ ဖက္စပ္လုပ္ကိုင္မယ့္သူေတြလည္း ရရွိထားၿပီလို႔ မစၥတာ တြတ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗီယက်နမ်တက္ကစီကုမ္ပဏီ FastGo မြန်မာနိုင်ငံမှာ ဝန်ဆောင်မှု ပေးမယ်

ဗီယက်နမ်တက္ကစီ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ FastGo က မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဒီနှစ်ကုန်ကစပြီး ဝန်ဆောင်မှုပေးတော့မှာဖြစ်ပြီး FastGo ရဲ့ ပထမဆုံး နိုင်ငံတကာဈေးကွက်ကို ခြေချမှုလည်း ဖြစ်ပါတယ်။

FastGo ရဲ့ အမှုဆောင်အရာရှိချုပ် ငုယင်ဟူတွတ်က မြန်မာနိုင်ငံမှာ Grab ပြီးရင် ဒုတိယမြောက် ဈေးကွက်ကို ရရှိဖို့နဲ့ အင်ဒိုနီးရှားမှာ ဈေးကွက် ၃၀ ရာခိုင်နှုန်း ရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း ဗီယက်နမ် နယူးစ် သတင်းဌာနကို ပြောထားပါတယ်။

ကျွန်တော်တို့နဲ့ ဆက်စပ်တဲ့ မဟာဗျူဟာရှိတဲ့အတွက် မြန်မာနဲ့ အင်ဒိုနီးရှားမှာ လုပ်ငန်းချဲ့ထွင်ဖို့ ရွေးချယ်တာ ဖြစ်တယ်၊ ကျွန်တော်တို့ ဝန်ဆောင်မှုတွေကိုစတင်ဖို့ ဈေးကွက်ထဲမှာ မဟာဗျူဟာမြောက် ဖက်စပ်လုပ်ကိုင်မယ့်သူတွေလည်း ရရှိထားပြီလို့ မစ္စတာ တွတ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)