ဗုဒၶဂယာ ဗံုးကြဲခဲ့မႈ လူ ႏွစ္ဦးကို ထပ္ဖမ္းထားေၾကာင္း အိႏၵိယ စံုစမ္းစစ္ေဆးေရး ေအဂ်င္စီ ေျပာ

0
1112

ၿပီးခဲ့တဲ့ ဇန္နဝါရီလက အိႏၵိယႏိုင္ငံ၊ ဗုဒၶဂယာမွာ ျဖစ္ပြားခဲ့တဲ့ ဗံုးေပါက္ကြဲခဲ့မႈနဲ႔ ပတ္သက္ၿပီး လူႏွစ္ဦးကို ဖမ္းဆီးထားေၾကာင္းနဲ႔ ဒီလို ေဖာက္ခြဲတာဟာ ျမန္မာအစိုးရကို တိုက္ခိုက္ေနတဲ့ ဘဂၤါလီ မြတ္စလင္ အၾကမ္းဖက္သမားေတြနဲ႔ ေသြးစည္းညီညြတ္ေၾကာင္း ျပသဖို႔ ျဖစ္တယ္လို႔ အိႏၵိယ အမ်ိဳးသား စံုစမ္းစစ္ေဆးေရး ေအဂ်င္စီ (NIA) က ေျပာပါတယ္။

ဇန္နဝါရီလ ၁၉ ရက္ေန႔က ဗုဒၶဂယာရွိ ေက်ာင္းေတာ္တစ္ခုရဲ႕ အေဆာင္အေနာက္ဘက္မွာ ေပါက္ကြဲမႈ ျဖစ္ခဲ့ၿပီး ဒလိုင္းလားမားရဲ႕ တရားကိုနာဖို႔ ေရာက္ရွိေနတဲ့ ပရိသတ္ေတြ ထိတ္လန္႔ခဲ့ရတယ္လို႔ NDTV သတင္းမွာ ေဖာ္ျပထားပါတယ္။ ဗုဒၶဂယာကို ဒလိုင္းလားမားနဲ႔ ဘီဟာျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးတို႔ ေရာက္လာခ်ိန္မွာ ေဖာက္ခြဲဖို႔ ရည္ရြယ္ခဲ့တာ ျဖစ္တယ္လို႔ NIA က ေျပာပါတယ္။

ဗုဒၶဂယာ ဗံုးေဖာက္ခြဲမႈနဲ႔ ပတ္သက္လို႔ NIA က ဂ်မတ္ အူလ္ မူဂ်ာေဟဒင္ ထိပ္တန္း ေခါင္းေဆာင္ မိုဟာမက္ ဂ်ဟီဒူလ္ အစၥလာမ္နဲ႔ ရွိတ္ခ္ အပါအဝင္ လူ ခုနစ္ဦးကို ဖမ္းဆီးထားၿပီး အာရစ္ဖ္ ဟူစိန္ (ခ) အာနတ္ကေတာ့ လြတ္ေျမာက္ေနဆဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗုဒ္ဓဂယာ ဗုံးကွဲခဲ့မှု လူ နှစ်ဦးကို ထပ်ဖမ်းထားကြောင်း အိန္ဒိယ စုံစမ်းစစ်ဆေးရေး အေဂျင်စီ ပြော

ပြီးခဲ့တဲ့ ဇန်နဝါရီလက အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲခဲ့မှုနဲ့ ပတ်သက်ပြီး လူနှစ်ဦးကို ဖမ်းဆီးထားကြောင်းနဲ့ ဒီလို ဖောက်ခွဲတာဟာ မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ ဘင်္ဂါလီ မွတ်စလင် အကြမ်းဖက်သမားတွေနဲ့ သွေးစည်းညီညွတ်ကြောင်း ပြသဖို့ ဖြစ်တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) က ပြောပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က ဗုဒ္ဓဂယာရှိ ကျောင်းတော်တစ်ခုရဲ့ အဆောင်အနောက်ဘက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ဒလိုင်းလားမားရဲ့ တရားကိုနာဖို့ ရောက်ရှိနေတဲ့ ပရိသတ်တွေ ထိတ်လန့်ခဲ့ရတယ်လို့ NDTV သတင်းမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဂယာကို ဒလိုင်းလားမားနဲ့ ဘီဟာပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ရောက်လာချိန်မှာ ဖောက်ခွဲဖို့ ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ NIA က ပြောပါတယ်။

ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်လို့ NIA က ဂျမတ် အူလ် မူဂျာဟေဒင် ထိပ်တန်း ခေါင်းဆောင် မိုဟာမက် ဂျဟီဒူလ် အစ္စလာမ်နဲ့ ရှိတ်ခ် အပါအဝင် လူ ခုနစ်ဦးကို ဖမ်းဆီးထားပြီး အာရစ်ဖ် ဟူစိန် (ခ) အာနတ်ကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)