တပ္မေတာ္အရာရွိေတြရဲ႕ အဂတိ လိုက္စားမႈေတြကို စစ္ေဆးအေရးယူခြင့္ မရွိေၾကာင္း ဦးေအာင္ၾကည္ ေျပာ

0
1434

တပ္မေတာ္ အရာရွိေတြ က်ဴးလြန္တဲ့ အဂတိလိုက္စားမႈေတြ ရွိရင္ ျမန္မာႏိုင္ငံ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ အေနနဲ႔ စစ္ေဆးအေရးယူခြင့္ မရွိဘူးလို႔ ေကာ္မရွင္ ဥကၠ႒ ဦးေအာင္ၾကည္က ေျပာပါတယ္။

တပ္မေတာ္ အရာရွိႀကီးေတြ အဂတိလိုက္စားမႈ ရွိရင္ စံုစမ္းအေရးယူမႈ ရွိ၊ မရွိ RFA သတင္းဌာနက ေမးျမန္းခဲ့ရာမွာ ဥကၠ႒ ဦးေအာင္ၾကည္က အခုလို ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။ အခု ေကာ္မရွင္ အေနနဲ႔ ဌာနဆိုင္ရာ ညႊန္ၾကားေရးမႉးေတြ၊ ညႊန္ၾကားေရးမႉးခ်ဳပ္ေတြနဲ႔ အၿမဲတမ္းအတြင္းဝန္ေတြနဲ႔ ပတ္သက္လို႔ အဂတိလိုက္စားမႈ ေလ်ာ့က်ေအာင္ ေဆာင္ရြက္ေနတယ္လို႔ ဥကၠ႒ ဦးေအာင္ၾကည္က ေျပာပါတယ္။

ေကာ္မရွင္အေပၚ ဘယ္အဖြဲ႔အစည္း၊ လူပုဂၢိဳလ္ကမွ ဖိအားေပးျခင္း မရွိခဲ့သလုိ၊ ဘယ္လို ဖိအားေပးတာမ်ိဳးကိုမွ လက္ခံမွာ မဟုတ္ဘူးလို႔လည္း ဦးေအာင္ၾကည္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်မတော်အရာရှိတွေရဲ့ အဂတိ လိုက်စားမှုတွေကို စစ်ဆေးအရေးယူခွင့် မရှိကြောင်း ဦးအောင်ကြည် ပြော

တပ်မတော် အရာရှိတွေ ကျူးလွန်တဲ့ အဂတိလိုက်စားမှုတွေ ရှိရင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေနဲ့ စစ်ဆေးအရေးယူခွင့် မရှိဘူးလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

တပ်မတော် အရာရှိကြီးတွေ အဂတိလိုက်စားမှု ရှိရင် စုံစမ်းအရေးယူမှု ရှိ၊ မရှိ RFA သတင်းဌာနက မေးမြန်းခဲ့ရာမှာ ဥက္ကဋ္ဌ ဦးအောင်ကြည်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အခု ကော်မရှင် အနေနဲ့ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးတွေ၊ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ အမြဲတမ်းအတွင်းဝန်တွေနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု လျော့ကျအောင် ဆောင်ရွက်နေတယ်လို့ ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

ကော်မရှင်အပေါ် ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကမှ ဖိအားပေးခြင်း မရှိခဲ့သလို၊ ဘယ်လို ဖိအားပေးတာမျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးလို့လည်း ဦးအောင်ကြည်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)