
0
334



……………….. ။ ။ ………………….

မြန်မာနဲ့ ဗီယက်နမ် အကြမ်းဖက်မှု တားဆီးရေးအတွက် ထောက်လှမ်းရေးသတင်းတွေကို ဖလှယ်မယ်
မြန်မာနဲ့ ဗီယက်နမ် တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် ထောက်လှမ်းရေးသတင်းတွေကို ဖလှယ်သွားဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich နဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အောက်တိုဘာလ ၂ ရက်နေ့၊ နေပြည်တော်မှာ တွေ့ဆုံစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲဒီတွေ့ဆုံမှုအတွင်းမှာတော့ တပ်မတော်နှစ်ရပ်ကြား ဆေးဘက်ဆိုင်ရာ သုတေသနပြုရေး၊ ဆေးကုသရေး အပါအဝင် ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)