မူးယစ္ေဆးျပႆနာကို ႏိုင္ငံေတာ္အဆင့္ ကိုင္တြယ္ေျဖရွင္း ရမယ္လို႔ ဒု သမၼတ ေျပာ

0
354

မူးယစ္ေဆး၀ါးျပႆနာဟာ ႏိုင္ငံေတာ္အဆင့္ အေလးထား ကိုင္တြယ္ေျဖရွင္းရမယ့္ ျပႆနာ တစ္ရပ္ျဖစ္တယ္လို႔ ဒုတိယသမၼတ ဦးျမင့္ေဆြ က ေျပာပါတယ္။

ေနျပည္ေတာ္မွာ ေအာက္တိုဘာ ၁ ရက္ ကျပဳလုပ္ခဲ့တဲ့ (၅၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔ အခမ္းအနားမွာေျပာခဲ့တာျဖစ္ျပီး မူးယစ္ေဆး၀ါးျပႆနာကို ကိုင္တြယ္ေျဖရွင္းရာမွာ တားဆီး ႏိွမ္နင္းေရးနဲ႔ တရား စီရင္ေရးမဟာဗ်ဴဟာ တစ္ခုတည္းအေပၚမွာသာ အသံုးခ်လို႔မရဘဲ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရးနဲ႔ ပညာေရးက႑မ်ားကိုပါ ထည့္သြင္းစဥ္းစားဖို႔ လိုအပ္တယ္လို႔လည္း ေျပာခဲ့ပါတယ္။

ျမန္မာႏိုင္ငံဟာ ကုလသမဂၢရဲ႕ လုပ္ငန္းအႀကံျပဳခ်က္မ်ားနဲ႔အညီ အမ်ိဳးသားမူးယစ္ေဆး၀ါး ထိန္းခ်ဳပ္ေရးမူ၀ါဒသစ္ ေရးဆြဲေဖာ္ေဆာင္ေရး အစီရင္ခံစာကို ေဆာင္ရြက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အစိုးရ၊ လူထုအေျချပဳအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းမ်ားနဲ႔ ကၽြမ္းက်င္ သူမ်ားပါ၀င္ေရးဆြဲထားတဲ့ မူးယစ္ေဆး၀ါးထိန္းခ်ဳပ္ေရး မူ၀ါဒသစ္ တရပ္ကိုလည္း ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။
…………………….. ။ ။ ……………………….

မူးယစ်ဆေးပြဿနာကို နိုင်ငံတော်အဆင့် ကိုင်တွယ်ဖြေရှင်းရမယ်လို့ ဒု သမ္မတ ပြော

မူးယစ်ဆေးဝါးပြဿနာဟာ နိုင်ငံတော်အဆင့် အလေးထား ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာ တစ်ရပ်ဖြစ်တယ်လို့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ က ပြောပါတယ်။
နေပြည်တော်မှာ အောက်တိုဘာ ၁ ရက် ကပြုလုပ်ခဲ့တဲ့ (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာပြောခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ တားဆီး နှိမ်နင်းရေးနဲ့ တရား စီရင်ရေးမဟာဗျူဟာ တစ်ခုတည်းအပေါ်မှာသာ အသုံးချလို့မရဘဲ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍများကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့လည်း ပြောခဲ့ ပါတယ်။
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ လုပ်ငန်းအကြံပြုချက်များနဲ့အညီ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ် ရေးဆွဲဖော်ဆောင်ရေးအစီရင်ခံစာကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အစိုးရ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများနဲ့ ကျွမ်းကျင် သူများပါဝင်ရေးဆွဲထားတဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ် တရပ်ကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။(

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)