လူငယ္ ၂၀၀ေက်ာ္ကို ပရီးမီးယားလိဂ္ကလပ္ စပါးအသင္း နည္းျပ ႏွစ္ဦးက သင္တန္းအခမဲ့ပို႔ခ်

0
86

လူငယ္ ၂၀၀ ေက်ာ္ကို အဂၤလန္ပရီးမီးယားလိဂ္ ေဘာလံုးအသင္းက နည္းျပ ၂ ဦးက ေဘာလံုးသင္တန္းအခမဲ့ပို႕ခ်ေပးခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ထားပါတယ္။

ျမန္မာႏိုင္ငံက လူငယ္ေတြ ပိုမိုက်န္းမာ အသက္ရွည္ၿပီး ပိုမိုေကာင္းမြန္တဲ့ ဘ၀ေတြကို ရရွိေစဖို႔ AIA Kick အစီအစဥ္ကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ 

စက္တင္ဘာလ ၁ ရက္ေန႕က  Yangon Unites Sports Complex မွာ အဂၤလန္ပရီးမီယားလိဂ္က ထိပ္တန္းအသင္းတစ္သင္းျဖစ္တဲ့ ေတာ့တင္ဟမ္ ေဟာ့စပါး Tottenham Hotspur အသင္းရဲ႕ နည္းျပ ၂ ဦးက လူငယ္ ၂၄၀ ကို ေဘာလုံးသင္တန္း ေလ့က်င့္သင္ၾကားေပးခဲ့တာပါ။

Soundbite – Mr.Nhon Ly (LUC)

CEO, AIA Myanmar

AIA Kick အစီအစဥ္ကို က်င္းပေပးတာဟာ  လူငယ္ေတြ ေဘာလံုးအားကစားနည္း စနစ္နဲ႕ အသင္းလိုက္ ပူးေပါင္းေဆာင္ရြက္မႈမွာ တိုးတက္လာေအာင္ ေလ့က်င့္သင္ၾကားေပးတာျဖစ္ၿပီး ပိုမိုေကာင္းမြန္တဲ့ လူေနမႈစနစ္ရရွိေစဖို႕ အတြက္ ျဖစ္တယ္လို႔လည္း AIA Myanmar က ေျပာပါတယ္။

Soundbite – Me.Nhon Ly (LUC)

CEO, AIA Myanmar

AIA Kick အစီအစဥ္ကို ျမန္မာႏိုင္ငံမွာ ပထမဆံုးအႀကိမ္ျပဳလုပ္တာျဖစ္ၿပီး လာမယ့္ႏွစ္ေတြမွာလည္း အဂၤလန္တိုက္စစ္မွဴး Harry Kane လို ကမာၻေက်ာ္ကစားသမားေတြကို ျမန္မာႏိုင္ငံမွာ ျမင္ေတြ႔ခြင့္ရေအယသ္ ႀကိဳးစားေနတယ္လို႔လည္း AIA Myanmar က ေျပာပါတယ္ခင္ဗ်ာ။

လူငယ် ၂၀ဝ ကျော်ကို အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးအသင်းက နည်းပြ ၂ ဦးက ဘောလုံးသင်တန်းအခမဲ့ပို့ချပေးခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရရှိစေဖို့ AIA Kick အစီအစဉ်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က Yangon Unites Sports Complex မှာ အင်္ဂလန်ပရီးမီယားလိဂ်က ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါး Tottenham Hotspur အသင်းရဲ့ နည်းပြ ၂ ဦးက လူငယ် ၂၄၀ ကို ဘောလုံးသင်တန်း လေ့ကျင့်သင်ကြားပေးခဲ့တာပါ။

Soundbite – Mr.Nhon Ly (LUC)
CEO, AIA Myanmar

AIA Kick အစီအစဉ်ကို ကျင်းပပေးတာဟာ လူငယ်တွေ ဘောလုံးအားကစားနည်း စနစ်နဲ့ အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးတာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ လူနေမှုစနစ်ရရှိစေဖို့ အတွက် ဖြစ်တယ်လို့လည်း AIA Myanmar က ပြောပါတယ်။

Soundbite – Me.Nhon Ly (LUC)
CEO, AIA Myanmar

AIA Kick အစီအစဉ်ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း အင်္ဂလန်တိုက်စစ်မှူး Harry Kane လို ကမ္ဘာကျော်ကစားသမားတွေကို မြန်မာနိုင်ငံမှာ မြင်တွေ့ခွင့်ရအေယသ် ကြိုးစားနေတယ်လို့လည်း AIA Myanmar က ပြောပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)