လူငယ္ေတြေ႐ွ႕ဆက္ရမယ့္ လုပ္ငန္းစဥ္အတြက္ ၿငိ္မ္းခ်မ္းေရးလိုအပ္

0
107

လူငယ္ေတြ ေရွ႕ဆက္ရမယ့္လုပ္ငန္းစဥ္ေတြြ ဖြံ႔ၿဖိဳးတိုးတက္ဖို႔ အေျခခံ အုတ္ျမစ္ျဖစ္တဲ့ ၿငိမ္းခ်မ္းေရး ရွိထားမွသာ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္ႏိုင္မွာျဖစ္ပါတယ္။ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌး ကေပးပို႔ထားပါတယ္။

အနာဂတ္ ႏိုင္ငံကို ဦးေဆာင္ရမယ့္ လူငယ္ေတြကို က႑အသီးသီးရဲ႕ေထာင့္ေပါင္းစံု၊ ဘတ္ေပါင္းစံုကေန ပံ့ပိုးေပးဖို႔ဆိုရင္  အေျခခံအုတ္ျမစ္ျဖစ္တဲ့ ၿငိမ္းခ်မ္းေရးကိုအရင္ ေဆာင္ရြက္ရမွာ ျဖစ္တယ္လို႔ ဒဂုံတကၠသိုလ္ ႏိုင္ငံတကာဥပေဒျပဳေက်ာင္းသား တစ္ဦးက ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္ၿပီး ေတာင္ကိုရီးယားႏိုင္ငံရဲ႕ Heavenly Culture World Peace Restoration of Light (HWPL) အဖြဲ႕က ဦးေဆာင္က်င္းပတဲ့ World Peace Summit ကို ျမန္မာႏိုင္ငံမွာ ဒုတိယအႀကိမ္ က်င္းပခဲ့တာပါ။ 

 Soundbite; ကိုအာကာဟိန္း(ႏိုင္ငံတကာဥပေဒျပဳေက်ာင္းသား)

               ဒဂံုတကၠသိုလ္၊မဟာသုေတသနတန္း

ၿငိမ္းခ်မ္းေရးရဲ႕တန္ဖိုးကို ၿမိဳ႕ျပမွာ ေနထိုင္သူေတြက တန္းဖိုးသိမႈနည္းပါးၿပီး မၿငိမ္းခ်မ္းတဲ့ေဒသမွာ ေနထိုင္သူေတြကသာ ၿငိမ္းခ်မ္းေရးရဲ႕တန္ဖိုးကို သိရွိတာျဖစ္တဲ့အတြက္ အဲဒီလိုအသိပညာမ်ဳိးေတြကို တစ္ႏိုင္ငံလံုးက ျပည္သူ ေတြအားလံုး သိရွိဖို႔လည္း လိုအပ္တယ္လို႔ ကိုအာကာဟိန္းက ေျပာပါတယ္။ 

 Soundbite; ကိုအာကာဟိန္း(ႏိုင္ငံတကာဥပေဒျပဳေက်ာင္းသား)

               ဒဂံုတကၠသိုလ္၊မဟာသုေတသနတန္း

မၾကာခင္မွာ HWPL က DPCW ကို ကုလသမဂၢရဲ႕အေထြေထြညီလာခံမွာ တင္သြင္းမွာျဖစ္ၿပီး ႏိုင္ငံေတြရဲ႕ေထာက္ခံမႈလိုအပ္တာေၾကာင့္ ျမန္မာႏိုင္ငံအေနနဲ႔လည္း DPCW ကို ေထာက္ခံ မဲေပးႏိုင္ဖို႔ အဓိကထား ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔လည္း ေျပာပါတယ္ရွင္။

လူငယ်တွေ ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ရှိထားမှသာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဒီသတင်းကို MCN သတင်းထောက် ဌေးဌေး ကပေးပို့ထားပါတယ်။

အနာဂတ် နိုင်ငံကို ဦးဆောင်ရမယ့် လူငယ်တွေကို ကဏ္ဍအသီးသီးရဲ့ထောင့်ပေါင်းစုံ၊ ဘတ်ပေါင်းစုံကနေ ပံ့ပိုးပေးဖို့ဆိုရင် အခြေခံအုတ်မြစ်ဖြစ်တဲ့ ငြိမ်းချမ်းရေးကိုအရင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဒဂုံတက္ကသိုလ် နိုင်ငံတကာဥပဒေပြုကျောင်းသား တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ Heavenly Culture World Peace Restoration of Light (HWPL) အဖွဲ့က ဦးဆောင်ကျင်းပတဲ့ World Peace Summit ကို မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ကျင်းပခဲ့တာပါ။

Soundbite; ကိုအာကာဟိန်း(နိုင်ငံတကာဥပဒေပြုကျောင်းသား)
ဒဂုံတက္ကသိုလ်၊မဟာသုတေသနတန်း

ငြိမ်းချမ်းရေးရဲ့တန်ဖိုးကို မြို့ပြမှာ နေထိုင်သူတွေက တန်းဖိုးသိမှုနည်းပါးပြီး မငြိမ်းချမ်းတဲ့ဒေသမှာ နေထိုင်သူတွေကသာ ငြိမ်းချမ်းရေးရဲ့တန်ဖိုးကို သိရှိတာဖြစ်တဲ့အတွက် အဲဒီလိုအသိပညာမျိုးတွေကို တစ်နိုင်ငံလုံးက ပြည်သူ တွေအားလုံး သိရှိဖို့လည်း လိုအပ်တယ်လို့ ကိုအာကာဟိန်းက ပြောပါတယ်။

Soundbite; ကိုအာကာဟိန်း(နိုင်ငံတကာဥပဒေပြုကျောင်းသား)
ဒဂုံတက္ကသိုလ်၊မဟာသုတေသနတန်း

မကြာခင်မှာ HWPL က DPCW ကို ကုလသမဂ္ဂရဲ့အထွေထွေညီလာခံမှာ တင်သွင်းမှာဖြစ်ပြီး နိုင်ငံတွေရဲ့ထောက်ခံမှုလိုအပ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း DPCW ကို ထောက်ခံ မဲပေးနိုင်ဖို့ အဓိကထား ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)