ညှိနှိုင်းမှုကို စက်ရုံကပြန်ရုပ်သိမ်းလို့ MCE ဆပ်ပြာစက်ရုံကအလုပ်သမားတွေ ဆက်လက်ဆန္ဒပြ

0
79











MCE ဆပ်ပြာစက်ရုံက အလုပ်သမား ၉၀ လောက်ဟာ တောင်းဆိုချက် ၁၃ ချက်ညှိနိုင်းမှုကို စက်ရုံဘက်က ပြန်လည် ရုပ်သိမ်းခဲ့တာကြောင့် စက်ရုံဝင်ပေါက်မှာ ဆက်လက်ဆန္ဒပြနေကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးပို့ထားပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၁) ဦးစိန့်လမ်း မှာရှိတဲ့ MCE ဆပ်ပြာစက်ရုံက အလုပ်သမား ၉၀ လောက်ဟာ တောင်းဆိုချက် ၁၃ ချက်ညှိနိုင်းမှုကို စက်ရုံဘက်က ပြန်လည် ရုပ်သိမ်းသွားတဲ့ အတွက် စက်ရုံ ဝင်ပေါက် ပိတ်ပြီး စက်တင်ဘာလ ၂ရက် နေ့က ပြန်လည် ဆန္ဒပြနေကြတာပါ။

MCE ဆပ်ပြာစက်ရုံက မန်နေဂျာကို အလုပ်ထုတ်ခိုင်းဖို့အတွက် ဇူလိုင်လပိုင်းက တစ်ကြိမ် သြဂုတ်လကတစ်ကြိမ် စာတင် အကြောင်းကြားပေမယ့် ပြန်လည်ဖြေရှင်းပေးတာ မရှိတာကြောင့် အလုပ်သမားတွေရဲ့ နစ်နာမှု အချက်တွေကို စုစည်းပြီး တောင်းဆိုချက် ၁၃ ချက်ကို ရရှိဖို့ သြဂုတ်လ ၂၂ရက်နေ့ကလည်း ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ သြဂုတ်လ ၂၂ ရက်နေ့မှာပဲ စက်ရုံကတာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေညှိနှိုင်းရာမှာ အချက်၁၂ချက် ပြေလည်မှု ရရှိခဲ့ပြီး သြဂုတ်လ၂၃ရက်နေ့မှာ တစ်ကြိမ်၊ သြဂုတ်လ၂၇ရက်နေ့မှာ တစ်ကြိမ်ထပ်မံညှိနှိုင်းခဲ့ရာ ပြေလည်ပြီးသား အချက်တွေကိုပါ စက်ရုံ ဘက်က ပြန်လည်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

Soundbite မအိဇင်ဖြိုး (ဥက္ကဋ္ဌ)
MCE ဆပ်ပြာစက်ရုံ အလုပ်သမားသမဂ္ဂMCE ဆပ်ပြာစက်ရုံ အလုပ်သမားတွေက ဥပဒေပါ အခွင့်အရေးတွေကိုသာ ဆန္ဒပြ တောင်းဆိုနေ တာဖြစ်သလို အလုပ်သမားတွေဘက်က ညှိနှိုင်းမှုကို လက်ခံပေမယ့် အလုပ်ရှင်ဘက်က မပြေလည်မှု ပိုင်းကို သာတွန်းပို့ နေတာကြောင့် ပြေလည်မှုမရရှိခဲ့တာဖြစ်တယ်လို လည်းပြောပါတယ်။

Soundbite မအိဇင်ဖြိုး (ဥက္ကဋ္ဌ)
MCE ဆပ်ပြာစက်ရုံ အလုပ်သမားသမဂ္ဂ

MCE ဆပ်ပြာစက်ရုံက အလုပ်သမားတွေ အနေနဲ့ မိမိတို့ တောင်းဆိုထားတဲ့အချက် ၁၃ ချက်ကို ညှိနှိုင်းမှု တွေပြုလုပ်ဖို့အတွက် လက်ခံပြီး တောင်းဆိုထားတဲ့အချက်၁၃ချက် မရမချင်း သပိတ်အရှိန်ကို မြှင့်တင်သွားမယ်လို အလုပ်သမားတွေ ကပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)