ေသဒဏ္ခ်မွတ္ခံရတဲ့ ၀င္း နဲ႔ ေဇာ္အတြက္ ထိုင္းဘုရင္ထံ ေမတၱာရပ္ခံ ေတာင္းဆိုပြဲ ျပဳလုပ္

0
131

လိပ္ကၽြန္းလူသတ္မႈနဲ႔ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာအလုပ္သမား ၂ ဦးအတြက္ ထိုင္းဘုရင္ထံ ေမတၱာရပ္ခံ ေတာင္းဆိုပြဲျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ သက္ေနာင္စိုးက ေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ လိပ္ကၽြန္းမွာ ၿဗိတိန္ႏိုင္ငံသား ၂ ဦး အသတ္ခံရတာနဲ႔ ပတ္သတ္ၿပီး ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာအလုပ္သမား ေဇာ္လင္းနဲ႔ ဝင္းေဇာ္ထြန္းတို႔ ၂ ဦးအတြက္ ထိုင္းဘုရင္ဆီ ေမတၱာရပ္ခံ ေတာင္းဆိုမႈ ျပဳလုပ္ခဲ့ပါတယ္။ 

စက္တင္ဘာလ ၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းျခံေရွ႕မွာ ဆရာေတာ္ ဥဴးပါေမာကၡဦးေဆာင္တဲ့ အမ်ိဳးသားေရးအဖြဲ႔နဲ႔ အျဖဴေရာင္ႏွလံုးလွ လူမႈကူညီေရးအသင္းတို႔ ပူးေပါင္းၿပီး ေမတၱာရပ္ခံ ေတာင္းဆိုမႈ ျပဳလုပ္ခဲ့ၾကတာပါ။

Sound Bite – ေနာင္ေတာ္ေလး (အေထြေထြအတြင္းေရးမွဴး)

                     ျမန္မာ့အမ်ိဳးသားေရးကြန္ယက္

ဒါ့အျပင္ အစိုးရအေနနဲ႔ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာႏိုင္ငံသား ၂ ဦးအတြက္ အေလးနက္ထားၿပီး ေဆာင္႐ြက္သင့္သလို ျပည္သူေတြအေနနဲ႔လည္း ဆုေတာင္းေမတၱာပို႔သေပးဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။ 

Sound Bite – ေနာင္ေတာ္ေလး (အေထြေထြအတြင္းေရးမွဴး)

                     ျမန္မာ့အမ်ိဳးသားေရးကြန္ယက္

ၾသဂုတ္လ ၂၉ ရက္မွာ ျမန္မာလုပ္သား ႏွစ္ဦးရဲ႕ ေနာက္ဆံုးအယူခံကို ဗဟိုတရား႐ုံးက ပယ္ခ်ၿပီး ေသဒဏ္ကို ဆက္လက္ အတည္ျပဳလိုက္တဲ့အတြက္ ထိုင္းဘုရင္ထံ ေမတၱာရပ္ခံ ေတာင္းဆိုပြဲေတြျပဳလုပ္ေနတာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလက ထိုင္းႏုိင္ငံ၊ လိပ္ကၽြန္းမွာ ျဖစ္ပြားခဲ့တဲ့ ၿဗိတိန္ လူငယ္စံုတဲြ သတ္ျဖတ္ခံခဲ့ရမႈမွာ ျမန္မာႏိုင္ငံသား ေဇာ္လင္းနဲ႔ ဝင္းေဇာ္ထြန္းတို႔ႏွစ္ဦးကို က်ဴးလြန္သူေတြအျဖစ္ သတ္မွတ္ၿပီး ထိုင္းတရား႐ုံးက ေသဒဏ္ခ်မွတ္ထားတာျဖစ္ပါတယ္ခင္ဗ်ာ။

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦးအတွက် ထိုင်းဘုရင်ထံ မေတ္တာရပ်ခံ တောင်းဆိုပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သတ်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာအလုပ်သမား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးအတွက် ထိုင်းဘုရင်ဆီ မေတ္တာရပ်ခံ တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆရာတော် ဥူးပါမောက္ခဦးဆောင်တဲ့ အမျိုးသားရေးအဖွဲ့နဲ့ အဖြူရောင်နှလုံးလှ လူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြီး မေတ္တာရပ်ခံ တောင်းဆိုမှု ပြုလုပ်ခဲ့ကြတာပါ။

Sound Bite – နောင်တော်လေး (အထွေထွေအတွင်းရေးမှူး)
မြန်မာ့အမျိုးသားရေးကွန်ယက်

ဒါ့အပြင် အစိုးရအနေနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးအတွက် အလေးနက်ထားပြီး ဆောင်ရွက်သင့်သလို ပြည်သူတွေအနေနဲ့လည်း ဆုတောင်းမေတ္တာပို့သပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Sound Bite – နောင်တော်လေး (အထွေထွေအတွင်းရေးမှူး)
မြန်မာ့အမျိုးသားရေးကွန်ယက်

သြဂုတ်လ ၂၉ ရက်မှာ မြန်မာလုပ်သား နှစ်ဦးရဲ့ နောက်ဆုံးအယူခံကို ဗဟိုတရားရုံးက ပယ်ချပြီး သေဒဏ်ကို ဆက်လက် အတည်ပြုလိုက်တဲ့အတွက် ထိုင်းဘုရင်ထံ မေတ္တာရပ်ခံ တောင်းဆိုပွဲတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ဗြိတိန် လူငယ်စုံတွဲ သတ်ဖြတ်ခံခဲ့ရမှုမှာ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့နှစ်ဦးကို ကျူးလွန်သူတွေအဖြစ် သတ်မှတ်ပြီး ထိုင်းတရားရုံးက သေဒဏ်ချမှတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)