
0
100




ချင်းနဲ့ ရခိုင်က မြို့နယ်တွေကို အင်တာနက်လိုင်း ပြန်သုံးခွင့်ပေးဖို့ အစိုးရ ညွှန်ကြား


အင်တာနက် အသုံးပြုခွင့်နှစ်လကျော် ပိတ်ခံထားရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့ ရခိုင်ပြည်နယ် ရှိ မြို့နယ်လေးခုကို အင်တာနက် အသုံးပြုခွင့်ပြန်ပေးဖို့ အစိုးရက ဆက်သွယ်ရေး အော်ပရေတာတွေကို ညွှန်ကြား ခဲ့ပါတယ်။


အရင်လို အင်တာနက်အသုံးပြုခွင့်ပေးဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေး အော်ပရေတာ လေးခုကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးခုကို ဇွန်လ ၂၁ ရက်ကစတင်ပြီး မိုဘိုင်းအင်တာ နက် အသုံးပြုခွင့်ပိတ်ပင်ခဲ့တာဖြစ်ပြီး အဲဒီ ကိုးမြို့နယ်ထဲက မြို့နယ်ငါးခုကို ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)