
0
101




အမေရိကန်နဲ့ ကုန်သွယ်ရေး ပျက်ပြားချိန် တရုတ်က အိမ်နီးချင်းတွေနဲ့ ကုန်သွယ်မှု တိုးမြှင့်သင့်


အမေရိကန် ပြည်ထောင်စုက တရုတ်နဲ့ ကုန်သွယ်ဖို့ တံခါးပိတ်ချိန်ဟာ တရုတ်နိုင်ငံအဖို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ အချိန်ဖြစ်တယ်လို့ South China Morning Post သတင်းစာက တိုက်တွန်းရေးသားလိုက်ပါတယ်။


ကုန်သွယ်ရေး လွတ်လပ်ဇုန် ခြောက်ခု တိုးချဲ့ရေး ကြေညာချက်ဟာ နယ်စပ်ဒေသတွေအတွင်း မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲရေးကို ချဲ့ထွက်ခြင်း ဖြစ်ကြောင်း၊ ကုန်သွယ်ရေး လွတ်လပ်ဇုန်တွေဟာ ရှိနှင့်ပြီး အလားအလာတွေကို ပိုမို ကောင်းမွန်စေတာ၊ ပိုပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လိုအပ်ချက်ကို ဖြည့်စွမ်းမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။


တရုတ်နိုင်ငံအနေနဲ့ တိုးချဲ့မယ့် ကုန်သွယ်ရေး လွတ်လပ်ဇုန်တွေကတော့ ဟေလောင်ကျန်းပြည်နယ်က ရုရှားနဲ့၊ ရှန်ဒေါင်းပြည်ယန်က ဂျပန်၊ တောင်ကိုရီးယားတို့နဲ့၊ ဂွန်ရှိပြည်နယ်က ဗီယက်နမ်နဲ့၊ ကုန်းတွင်းပိတ် ပြည်နယ်ဖြစ်တဲ့ ယူနန်ပြည်နယ်က မြန်မာ၊ လာအို၊ ဗီယက်နမ်တို့နဲ့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)