
0
99




ကချင်စစ်ပွဲ(၈)နှစ်ပြည့် တေးသရုပ်ဖော်ခဲ့တဲ့ လူငယ်နှစ်ဦးကို ထောင်ဒဏ် ၁၅ ရက်ချမှတ်


မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်က ပြုလုပ်ခဲ့တဲ့ ကချင်စစ်ဘေး ၈ နှစ်ပြည့်အထိမ်းအမှတ် လမ်းဘေး တေးသရုပ်ဖော်ခဲ့တဲ့ လူငယ်နှစ်ဦးကို ထောင်ဒဏ် ၁၅ ရက်ချမှတ်ခဲ့ပါတယ်။


ကိုပေါလု နဲ့ မဆိုင်းနူးပန် တို့ကို မြစ်ကြီးနားမြို့နယ် ငြိမ်းစုစီပုဒ်မ-၁၉ နဲ့ စက်တင်ဘာ ၂ ရက်ရုံးချိန်း မှာ အပြီးသတ်အမိန့်အဖြစ် ထောင်ဒဏ် (၁၅) ရက် ချမှတ်ခဲ့တာဖြစ်ပါတယ်။


မြို့နယ်တရားရုံးရဲ့ အပြီးသတ်အမိန့်မှာ ထောင်ဒဏ်(၁၅)ရက် (သို့မဟုတ်) ငွေဒဏ် ကျပ်ငွေသုံးသောင်း ပေးဆောင်ရမယ်လို့ ချမှတ်ခဲ့ပေမယ့် လူငယ်(၂)ဦးက ထောင်ဒဏ်ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)