ျမန္မာကေန အိႏၵိယကို ကြမ္းသီး ေမွာင္ခို တင္ပို႔မႈ မထိန္းခ်ဳပ္ႏိုင္

0
113

ျမန္မာႏိုင္ငံဘက္ကေန နယ္စပ္ကတစ္ဆင့္ ကြမ္းသီး တရားမဝင္ တင္သြင္းမႈ တားဆီးႏိုင္ဖို႔ မႏွစ္က ကြမ္းသီး တင္သြင္းမႈကို အိႏၵိယ အစိုးရက ပိတ္ပင္ခဲ့ပါတယ္။ ဒါေပမယ့္ နယ္စပ္ေဒသ တစ္ေလွ်ာက္ကေန ျမန္မာဘက္က ကြမ္းသီး တရားမဝင္ တင္သြင္းမႈကို ႏွိမ္နင္းႏိုင္စြမ္း မရွိဘူးလို႔ အိႏၵိယ အေကာက္ခြန္ဌာနက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ တစ္ႏွစ္ကို ကြမ္းသီး တန္ခ်ိန္ ၁ ေသာင္း ထြက္ရွိတယ္ဆိုေပမယ့္ အိႏၵိယဘက္ကို ဝင္လာတဲ့ ကြမ္းသီးတန္ခ်ိန္က ၄ ေသာင္းရွိတယ္လို႔ အေကာက္ခြန္ဌာန အစီရင္ခံစာက ေဖာ္ျပပါတယ္။ အင္ဒိုနီးရွားနဲ႔ ထိုင္းကေန ဝင္တဲ့ ကြမ္းသီး တန္ခ်ိန္က ၃ ေသာင္းရွိပါတယ္။ 

အိႏၵိယမွာ အရည္အေသြးျမင့္ ကြမ္းသီး စိုက္ပ်ိဳးမႈေတြ ရွိေနေပမယ့္ ျမန္မာႏိုင္ငံက အရည္အေသြး မမီတဲ့ ကြမ္းသီးေတြ အိႏၵိယ ေစ်းကြက္ထဲ ဝင္လာတာေၾကာင့္ ကြမ္းသီးေစ်းေတြ က်ဆင္းလာေနေၾကာင္း၊ အဲဒီ ကြမ္းသီးေတြေၾကာင့္ ေစ်းကြက္ မတည္ၿငိမ္ဘဲ အစိုးရလည္း အခြန္ဆံုး႐ံႈးေၾကာင္း အိႏၵိယ ကြမ္းႏွင့္ ကိုကိုးသီး ေစ်းကြက္ႏွင့္ ပူးေပါင္းစိစစ္ေဆး ဗဟိုဌာန (Campco) က ဒီႏွစ္ အေစာပိုင္းမွာ သတိေပးခ်က္ ထုတ္ျပန္ခဲ့ဖူးပါတယ္။

မြန်မာကနေ အိန္ဒိယကို ကွမ်းသီး မှောင်ခို တင်ပို့မှု မထိန်းချုပ်နိုင်


မြန်မာနိုင်ငံဘက်ကနေ နယ်စပ်ကတစ်ဆင့် ကွမ်းသီး တရားမဝင် တင်သွင်းမှု တားဆီးနိုင်ဖို့ မနှစ်က ကွမ်းသီး တင်သွင်းမှုကို အိန္ဒိယ အစိုးရက ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် နယ်စပ်ဒေသ တစ်လျှောက်ကနေ မြန်မာဘက်က ကွမ်းသီး တရားမဝင် တင်သွင်းမှုကို နှိမ်နင်းနိုင်စွမ်း မရှိဘူးလို့ အိန္ဒိယ အကောက်ခွန်ဌာနက ပြောပါတယ်။


မြန်မာနိုင်ငံမှာ တစ်နှစ်ကို ကွမ်းသီး တန်ချိန် ၁ သောင်း ထွက်ရှိတယ်ဆိုပေမယ့် အိန္ဒိယဘက်ကို ဝင်လာတဲ့ ကွမ်းသီးတန်ချိန်က ၄ သောင်းရှိတယ်လို့ အကောက်ခွန်ဌာန အစီရင်ခံစာက ဖော်ပြပါတယ်။ အင်ဒိုနီးရှားနဲ့ ထိုင်းကနေ ဝင်တဲ့ ကွမ်းသီး တန်ချိန်က ၃ သောင်းရှိပါတယ်။


အိန္ဒိယမှာ အရည်အသွေးမြင့် ကွမ်းသီး စိုက်ပျိုးမှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံက အရည်အသွေး မမီတဲ့ ကွမ်းသီးတွေ အိန္ဒိယ ဈေးကွက်ထဲ ဝင်လာတာကြောင့် ကွမ်းသီးဈေးတွေ ကျဆင်းလာနေကြောင်း၊ အဲဒီ ကွမ်းသီးတွေကြောင့် ဈေးကွက် မတည်ငြိမ်ဘဲ အစိုးရလည်း အခွန်ဆုံးရှုံးကြောင်း အိန္ဒိယ ကွမ်းနှင့် ကိုကိုးသီး ဈေးကွက်နှင့် ပူးပေါင်းစိစစ်ဆေး ဗဟိုဌာန (Campco) က ဒီနှစ် အစောပိုင်းမှာ သတိပေးချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)