ထိုင္းဆင္႐ိုင္းကို ေရွာင္လိုက္လို႔ ကားေမွာက္ၿပီး ျမန္မာ ယာဥ္ေမာင္း ဒဏ္ရာရ

0
143

ထိုင္းႏိုင္ငံ၊ ေထာင္ဖာဖြန္ ဒ႐ိုင္မွာ ေတာထဲက ဆင္႐ိုင္းတစ္ေကာင္ ႐ုတ္တရက္ ထြက္ေပၚလာၿပီး လမ္းျဖတ္ကူးလို႔ တိမ္းေရွာင္ရာက ျမန္မာယာဥ္ေမာင္းတစ္ဦး လမ္းမေဘးက တံတားကို ဝင္တိုက္ကာ ယာဥ္တိမ္းေမွာက္လို႔ ဒဏ္ရာရခဲ့ပါတယ္။

မေန႔ ၾသဂုတ္လ ၃၁ ရက္ေန႔ မနက္ အေစာပိုင္းမွာ အမွတ္ ၃၂၃ လမ္းမႀကီး၊ အြန္ထီ တံတားမွာ ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး ဆင္႐ိုင္းကေတာ့ ထိခိုက္ဒဏ္ရာမရဘဲ နီးစပ္ရာ ေတာထဲကို ဝင္ေျပးသြားခဲ့တယ္လို႔ ယံုၾကည္ရေၾကာင္း ရဲမွဴးခ်ဳပ္ ေဒါင္ကဲအိုက ေျပာပါတယ္။ ဘန္ေကာက္ လိုင္စင္နံပါတ္ျပားတပ္ အျဖဴေရာင္ကားဟာ ေဘးေစာင္းလဲက်ခဲ့ေၾကာင္း ရဲေတြက ေတြ႔ရွိခဲ့ပါတယ္။ 

ကယ္ဆယ္ေရးလုပ္သားေတြက ျမန္မာယာဥ္ေမာင္းကို ေထာင္ဖာဖြန္ ေဆး႐ံုကို ပို႔ေဆာင္ေပးခဲ့ၾကပါတယ္။ ဒဏ္ရာရတဲ့ ျမန္မာႏိုင္ငံသားဟာ ဦးရီသန္း (၄၇ ႏွစ္) ျဖစ္တယ္လို႔ ရဲေတြက ေနာက္ပိုင္းမွာ ဘန္ေကာက္ပို႔စ္ သတင္းစာကို ေျပာပါတယ္။ ဦးရီသန္းဟာ ျမန္မာႏိုင္ငံ ေရေဘးအတြက္ လွဴဒါန္းဖို႔ ဘန္ေကာက္ကေန ပစၥည္းေတြ တင္ေဆာင္ၿပီး ခရီးထြက္လာတာ ျဖစ္ပါတယ္။

ထိုင်းဆင်ရိုင်းကို ရှောင်လိုက်လို့ ကားမှောက်ပြီး မြန်မာ ယာဉ်မောင်း ဒဏ်ရာရ


ထိုင်းနိုင်ငံ၊ ထောင်ဖာဖွန် ဒရိုင်မှာ တောထဲက ဆင်ရိုင်းတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး လမ်းဖြတ်ကူးလို့ တိမ်းရှောင်ရာက မြန်မာယာဉ်မောင်းတစ်ဦး လမ်းမဘေးက တံတားကို ဝင်တိုက်ကာ ယာဉ်တိမ်းမှောက်လို့ ဒဏ်ရာရခဲ့ပါတယ်။


မနေ့ သြဂုတ်လ ၃၁ ရက်နေ့ မနက် အစောပိုင်းမှာ အမှတ် ၃၂၃ လမ်းမကြီး၊ အွန်ထီ တံတားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဆင်ရိုင်းကတော့ ထိခိုက်ဒဏ်ရာမရဘဲ နီးစပ်ရာ တောထဲကို ဝင်ပြေးသွားခဲ့တယ်လို့ ယုံကြည်ရကြောင်း ရဲမှူးချုပ် ဒေါင်ကဲအိုက ပြောပါတယ်။ ဘန်ကောက် လိုင်စင်နံပါတ်ပြားတပ် အဖြူရောင်ကားဟာ ဘေးစောင်းလဲကျခဲ့ကြောင်း ရဲတွေက တွေ့ရှိခဲ့ပါတယ်။


ကယ်ဆယ်ရေးလုပ်သားတွေက မြန်မာယာဉ်မောင်းကို ထောင်ဖာဖွန် ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒဏ်ရာရတဲ့ မြန်မာနိုင်ငံသားဟာ ဦးရီသန်း (၄၇ နှစ်) ဖြစ်တယ်လို့ ရဲတွေက နောက်ပိုင်းမှာ ဘန်ကောက်ပို့စ် သတင်းစာကို ပြောပါတယ်။ ဦးရီသန်းဟာ မြန်မာနိုင်ငံ ရေဘေးအတွက် လှူဒါန်းဖို့ ဘန်ကောက်ကနေ ပစ္စည်းတွေ တင်ဆောင်ပြီး ခရီးထွက်လာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)