ေတာင္ကိုရီးယား သမၼတ သံုးႏိုင္ငံခရီးစဥ္ စတင္

0
115

ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းရဲ႕ ထိုင္း၊ ျမန္မာ၊ လာအို သံုးႏိုင္ငံ ခရီးစဥ္ကို မေန႔ စက္တင္ဘာ ၁ ရက္ေန႔မွာ စတင္ခဲ့ၿပီး ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ကို ေရာက္ရွိလာပါတယ္။

ဒီႏွစ္ကုန္မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ေတာင္ကိုးရီးယားနဲ႔ အာဆီယံတို႔ရဲ႕ ထိပ္သီး ေဆြးေႏြးပြဲ မတိုင္ခင္ အခုခရီးစဥ္ စတင္လိုက္တာ ျဖစ္ပါတယ္။ ေတာင္ကိုရီးယား သမၼတအျဖစ္ ထိုင္းႏိုင္ငံကို လာေရာက္လည္ပတ္တာ ခုနစ္ႏွစ္အတြင္း ပထမဆံုးအႀကိမ္ ျဖစ္ပါတယ္။ 

အေရွ႕ေတာင္အာရွ သံုးႏိုင္ငံဟာ သမၼတ မြန္ေဂ်အင္းအတြက္ “ေတာင္ပိုင္း မူဝါဒသစ္” ျဖစ္တယ္လို႔ သမၼတ႐ံုး ေျပာခြင့္ရသူ ကိုမင္ဂြ်န္းက ေျပာခဲ့ပါတယ္။ ျမန္မာႏိုင္ငံ ခရီးစဥ္မွာ ေတာင္ကိုရီးယား ဘ႑ာေရး လုပ္ငန္းရွင္ေတြလည္း လိုက္ပါလာၿပီး အခြင့္အလမ္းေတြကို ေလ့လာမွာ ျဖစ္ပါတယ္။

တောင်ကိုရီးယား သမ္မတ သုံးနိုင်ငံခရီးစဉ် စတင်


တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းရဲ့ ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံ ခရီးစဉ်ကို မနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ စတင်ခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိလာပါတယ်။


ဒီနှစ်ကုန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တောင်ကိုးရီးယားနဲ့ အာဆီယံတို့ရဲ့ ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် အခုခရီးစဉ် စတင်လိုက်တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သမ္မတအဖြစ် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တာ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။


အရှေ့တောင်အာရှ သုံးနိုင်ငံဟာ သမ္မတ မွန်ဂျေအင်းအတွက် “တောင်ပိုင်း မူဝါဒသစ်” ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ကိုမင်ဂျွန်းက ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်မှာ တောင်ကိုရီးယား ဘဏ္ဍာရေး လုပ်ငန်းရှင်တွေလည်း လိုက်ပါလာပြီး အခွင့်အလမ်းတွေကို လေ့လာမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)