ရခိုင်ပိုင်နယ်မြေတွေ ထပ်ပြီး အဆုံးမခံနိုင်တော့လို့ ဗိုလ်ချုပ်မှူးကြီး ပြော

0
411

၁၉၄၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့  အလယ်သံကျော်ဖြစ်စဉ်ကဲ့သို့ ရခိုင်ပြည်နယ်အတွင်း  တိုင်းရင်းသားများ တိုက်ခိုက်သတ်ဖြတ်မောင်းထုတ် ခံရပြီး တိုင်းရင်းသားပိုင် နယ်မြေတွေ  ဆုံးရှုံးမှုမျိုး ထပ်ပြီး အဖြစ်မခံနိုင်တော့ဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက် ပါတယ်။

စက်တင်ဘာ ၁ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့တာ ဖြစ်ပါတယ်။

သူက မြန်မာ့အချုပ်အခြာအာဏာ ပွန်းပဲ့ထိခိုက်မှုလုံးဝမဖြစ်စေဖို့  တပ်မတော်အနေနဲ့  အပြည့်အ၀ ထိန်းသိမ်းကာကွယ်သွားမယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအားလုံး၊ ပြည်သူများအားလုံးကလည်း မျိုးချစ်စိတ်အပြည့်အ၀နဲ့  ၀ိုင်းဝန်းကာကွယ် ရမယ်လို့လည်း ပြောခဲ့ပါတယ်။

ရခိုင်မှာ သြဂုတ်လ၂၅ရက်ကစတင်ခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ တပ်မတော်သား ၂ ဦး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန ၀န်ထမ်း ၁ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦး၊ ဒေသခံတိုင်းရင်းသားပြည်သူ ၁၄ ဦး အသက် ဆုံးရှုံးခဲ့ပြီး ပျောက်ဆုံးနေသူတိုင်းရင်းသား ၂ ဦးရှိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီခေတ်က အင်္ဂလိပ်တို့ကနေ ဘင်္ဂလားနယ်က လူများကိုခေါ်လာခဲ့ပြီး အကြောင်းအမျိုးမျိုးနဲ့  လူဦးရေတိုးပွားလာကာ ၁၉၄၂ ခုနှစ်မှာ ၊ရခိုင် အလယ်သံကျော်အရေး အခင်းဖြစ်ပါတယ်။

အဲ့ဒီမှာ  ဒေသခံရခိုင်တိုင်းရင်းသားများ ၂၀၀၀၀ ကျော်သတ်ဖြတ်ခံရပြီး မူလရခိုင်တိုင်းရင်း သားများနေ ထိုင်ခဲ့တဲ့ ကျေးရွာများစွာမှာ ဘင်္ဂါလီများက ၀င်ရောက်သိမ်းပိုက်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)