လမ်း၊ တံတားကြေးကို ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံမယ်

0
238

မြန်မာနိုင်ငံအတွင်းရှိ လမ်း၊ တံတားဂိတ် ၈၆ ခုရဲ့ ဖြတ်သန်းခတွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံ ပေးသွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

လမ်းတံတားကြေးတွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးမယ့် အစီအစဉ်ဟာ ဇွန်လ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၆ လ ကြာမြင့်မှာ ဖြစ်ပါတယ်။


____________________

____________________

လမ်း၊ တံတားကြေးကို  ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံမယ်

မြန်မာနိုင်ငံအတွင်းရှိ လမ်း၊ တံတားဂိတ် ၈၆ ခုရဲ့ ဖြတ်သန်းခတွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံ ပေးသွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

လမ်းတံတားကြေးတွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးမယ့် အစီအစဉ်ဟာ ဇွန်လ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၆ လ ကြာမြင့်မှာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်ရှိ တံတား ၄ စင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ တံတား ၇ စင်း၊ တနင်္သာရီတိုင်း ဒေသကြီးရှိ လမ်းဂိတ် ၃ ဂိတ်နဲ့ တံတား ၁ စင်း၊ ပဲခူးတိုင်း ဒေသ ကြီးရှိ လမ်းဂိတ် ၃ ဂိတ်နဲ့ တံတား ၁၁ စင်း၊ မကွေးတိုင်း ဒေသကြီးရှိ လမ်းဂိတ် ၄ ဂိတ်နဲ့ တံတား ၁၀ စင်း၊ မန္တလေးတိုင်း ဒေသ ကြီးရှိ လမ်းဂိတ် ၄ ဂိတ်နဲ့ တံတား ၉ စင်း၊ မွန်ပြည်နယ်ရှိ လမ်းဂိတ် ၂ ဂိတ်နဲ့ တံတား ၇ စင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းရှိ လမ်းဂိတ် ၄ ဂိတ် နဲ့ တံတား ၂ စင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လမ်းဂိတ် ၂ ဂိတ် နဲ့ တံတား ၁ စင်း၊ ဧရာဝတီတိုင်း ဒေသကြီးရှိ လမ်းဂိတ် ၂ ဂိတ်နဲ့ တံတား ၁၀ စင်းတွေရဲ့ ဖြတ်သန်းခတွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)