မိုရာ မုန်တိုင်းအပြီး ကလေးသူငယ် ၁ သန်းခွဲ အရေးပေါ် အကူအညီ လိုအပ်

0
271

သီရီလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ကို ဖြတ်သန်း တိုက်ခတ်သွားခဲ့တဲ့ ပြင်းထန်တဲ့ မိုရာ ဆိုင်ကလုန်း မုန်တိုင်းရဲ့ ဒဏ်ကြောင့် ကလေးသူငယ် ၁ သန်းခွဲနဲ့ မိသားစုတွေဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ယူနီဆက်ဖ် (UNICEF) က ပြောပါတယ်။

ဓာတ်ပုံ – (STR/EPA)

ဘင်္ဂလား ပင်လယ်အော် ဒေသမှာ မိုရာ ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီး ၆ ရက်အကြာမှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ၊ အကာအကွယ် လိုအပ်နေသူ၊ အာဟာရ ချို့တဲ့သူ၊ ကျန်မာရေး စောင့်ရှောက်မှု လိုအပ်နေသူ အနည်းဆုံး ကလေးသူငယ် ၁ သန်းခွဲအတွက် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ လိုအပ်နေပြီလို့ ယူနီဆက်ဖ်က သတိပေးလိုက်တာ ဖြစ်ပါတယ်။

ကလေးငယ်တွေဟာ ပြင်းထန်တဲ့ မုန်တိုင်း၊ ရေကြီးမှု၊ မြေပြိုမှုတွေ ကြုံရပြီး သောက်သုံးရေ ပြတ်လပ်မှု၊ သန့်ရှင်းရေး ပစ္စည်း မလုံလောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု မနိုင်နင်းမှုတွေက အခု ခြိမ်းခြောက်နေပြီလို့ ယူနီဆက်ဖ် အရေးပေါ် ကူညီကယ်ဆယ်ရေး အစီအစဉ် ဒါရိုက်တာ မန်နျူယယ် ဖွန်တိန်းက ပြောပါတယ်။

ကူညီထောက်ပံ့မှုတွေ အမြန်လုပ်ဆောင်ရပါမယ်၊ အသက်ရှုလမ်းကြောင်းက တဆင့်ဖြစ်ပွားတဲ့ ကူးစက်မှု၊ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ပြန့်ပွားမှု ရပ်သွားအောင် နဲ့ ကလေးသူငယ်တွေကို လုံခြုံမှု ပေးနိုင်အောင် ကူညီရမယ်လို့ သူက ဆက်ပြောပါတယ်။

မိုရာ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင် ဒုက္ခသည် ၇ သောင်း ၄ ထောင်၊ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတလျှောက် နေထိုင်သူ ၂ ဒသမ ၈ သန်း၊ ရခိုင်ပြည်နယ်ထဲက ရွှေ့ပြောင်း အခြေချသူ ၁ သိန်း ၂ သောင်း၊ ချင်းပြည်နယ်ထဲက ရွှေ့ပြောင်း အခြေချသူတွေ၊ သီရိလင်္ကာမှာ ရေကြီး၊ မြေပြိုမှုဒဏ် ခံရသူ ၆ သိန်း ၃ သောင်းကျော် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)