ရခိုင်ပြည်နယ် ပဋိပက္ခ  ကုလ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ကြိုဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော

0
301

ရခိုင်ပြည်နယ်က မွတ်စလင်အရေးမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ဖွဲ့စည်းပေးလိုက်တဲ့ သုံးဦးပါ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ကြိုဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောဆိုလိုက်ပါတယ်။

ဒါကာရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးက မြန်မာအစိုးရ အချက်အလက် ရှာဖွေရေး အဖွဲ့ကို လက်မခံဘူးလို့ ပြောဆိုထားတဲ့အတွက် ဒီခန့်အပ်လိုက်တဲ့အဖွဲ့ကို အကောင်အထည် ဖော်ခွင့်ပြုဖို့ သေချာမသိပါဘူး၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ကတော့ ကြိုဆိုပါတယ်။ ကုလသမဂ္ဂက ဖွဲ့စည်းပေးတဲ့ အဖွဲ့ဖြစ်လို့ အမှန်တရားကို သိရှိနိုင်ဖို့ မြန်မာက ပူးပေါင်း ပါဝင်ပေးမယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဦးဆောင်မယ့်သူက အင်ဒီရာ ဂျိုင်ဆင်းဖြစ်ပြီး အိန္ဒိယ ဗဟိုတရားရုံးက ရှေ့နေတစ်ဦး ဖြစ်ပါတယ်။ ကျန် နှစ်ဦးကတော့ သီရိလင်္ကာ နိုင်ငံသား ဟားဗတ်တက္ကသိုလ်ဆင်း ရှေ့နေ ရာဒီကာ ကုမာရာဆွာမိနဲ့ သြစတြေးလျနိုင်ငံသား အတိုင်ပင်ခံ ခရစ္စတိုဖာ ဒေါမနစ်တို့ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်က ထွက်ပြေးလာတယ်လို့ ဆိုတဲ့ မွတ်စလင် ဒုက္ခသည် ၇ သောင်းခွဲဟာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)