IMarEST အင်ဂျင်နီယာ အင်စတီကျု မြန်မာပြည်ဌာနခွဲ ဖွင့်လှစ်

0
363

လန်ဒန်မှာ ဗဟိုအဖြစ် အခြေစိုက်တဲ့ ရေကြောင်း အင်ဂျင်နီယာ၊ သိပ္ပံနှင့် နည်းပညာ အင်စတီကျု (IMarEST) ဟာ ရန်ကုန်မြို့မှာ ဌာနခွဲကို ဖွင့်လှစ်လိုက်ပါတယ်။

မေလ ၂၄ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ ကျင်းပတဲ့ IMarEST ဌာနခွဲဖွင့်ပွဲ အခမ်းအနားကို IMarEST အဖွဲ့ဝင်တွေ၊ အစိုးရ အရာရှိတွေ၊ ပညာရှင်တွေ၊ စက်မှုလုပ်ငန်းအသင်းတွေ တက်ရောက်ပါတယ်။

IMarEST အာရှ ပစိဖိတ် ဒါရိုက်တာ ဒေးဗစ်ကယ်လီက IMarEST အကြောင်း မိတ်ဆက် ပြောကြားပြီး မြန်မာရေကြောင်း အင်ဂျင်နီယာအသင်းက ဦးရဲမြင့်ဖေလည်း အမှာစကား ပြောကြားပါတယ်။

IMarEST မြန်မာဌာနခွဲရဲ့ ဂုဏ်ထူးဆောင် အကြံပေးကတော့ ဦးစိန်မောင် ဖြစ်ပါတယ်။

လန်ဒန်မြို့၊ ဝက်စ်မင်စတာမှာ ဗဟို အခြေစိုက်တဲ့ IMarEST ဟာ ရေကြောင်းဆိုင်ရာ အင်ဂျင်နီယာ၊ သိပ္ပံနဲ့ နည်းပညာတွေကို လုပ်ဆောင်နေတဲ့ ပညာရှင်အဖွဲ့ ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့ဝင်တွေ ရှိပါတယ်။ ကမ္ဘာတဝန်းမှာ ၁၂၈ နိုင်ငံက အဖွဲ့ဝင် ၁ သောင်း ၈ ထောင်ရှိပါတယ်။ IMarEST ဟာ UK သိပ္ပံကောင်စီအဖွဲ့ဝင်ဖြစ်ပြီး UK အင်ဂျင်နီယာ ကောင်စီရဲ့ လိုင်စင်ရ အဖွဲ့အစည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)