ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် တစ်နှစ်ကို ကလေးငယ် ၅ သိန်းခန့် သေဆုံးနေ

0
271

ရေမသန့်ရှင်းမှု၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားပြီး ကမ္ဘာပေါ်မှာ ၅ နှစ်အောက်ကလေးငယ် ၅ သိန်းခန့် နှစ်စဉ် သေဆုံးနေတယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြလိုက်ပါတယ်။

၂၀၁၅ ခုနှစ်မှာ သေဆုံးခဲ့တဲ့ ကလေးငယ် ၄ သိန်း ၉ သောင်း ၉ ထောင်အနက် ၂ သိန်း ၉ သောင်းဟာ ရေမသန့်မှု၊ တစ်ကိုရည် သန့်ရှင်းမှု အားနည်းခြင်းနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။

ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ ကလေးငယ်တွေ အများဆုံး သေဆုံးရတဲ့ စတုတ္တမြောက် ရောဂါဖြစ်တယ်လို့ လေ့လာမှုက ဆိုပါတယ်။ နိုက်ဂျီးရီးယားနဲ့ အိန္ဒိယ နှစ်နိုင်ငံမှာတင် ကလေးငယ် ၄၂ ရာခိုင်နှုန်းဟာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးရတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ လူဦးရေ ၆၀ ရာခိုင်နှုန်းဟာ သင့်လျော်တဲ့ အိမ်သာ မရှိဘဲ လူဦးရေရဲ့ ၆ ရာခိုင်နှုန်းဟာ သန့်ရှင်းတဲ့ရေ မသုံးနိုင်ပါဘူး။ နိုက်ဂျီးရီးယားမှာ လူဦးရေရဲ့ ၇၁ ရာခိုင်နှုန်းဟာ သင့်လျော်တဲ့ အိမ်သာ မရှိဘဲ လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းဟာ သန့်ရှင်းရေ သုံးစွဲနိုင်ခြင်း မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)