ပြည်ထောင်စုမှ ခွဲမထွက်ရအချက် မထည့်ဖို့ တောင်းဆိုမှု SNLD ရှင်းလင်း

0
327

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ ပြည်ထောင်မှ ခွဲမထွက်ရဆိုတဲ့အချက် အခြေခံမှုမှာ မထည့်ဖို့ တောင်းဆိုခဲ့တာဟာ ၁၉၄၇ မူလပင်လုံမူနဲ့ ကွဲလွဲနေလို့ ဖြစ်တယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ပြောပါတယ်။

အဲဒီလို တောင်းဆိုတာဟာ ခွဲထွက်ဖို့ တောင်းဆိုတာ မဟုတ်ဘူးလို့လည်း မနေ့က ဇွန်လ ၁ ရက်နေ့ SNLD ပါတီရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ SNLD ခေါင်းဆောင်တွေက မီဒီယာတွေကို ရှင်းလင်းပါတယ်။

“အဓိက စကားလုံးတစ်ခုပဲ၊ အဲဒါ ဘာလဲဆိုတော့ မခွဲထွက်ရဆိုတဲ့ကိစ္စကို ကျွန်တော်တို့က အခြေခံမူအဖြစ် မထည့်သွင်းဖို့၊ ဖြုတ်သိမ်းဖို့ တောင်းဆိုခြင်းဖြစ်တယ်။ ကျွန်တော်တို့ ခွဲထွက်ခွင့် ရှိတယ်ဆိုတဲ့ အကြောင်းကို ထည့်သွင်းခိုင်းခြင်း မဟုတ်ပါဘူး” လို့ SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)