မွတ်စလင်တွေ လမ်းပေါ်မှာ ဝတ်ပြုလို့ သာကေတမှာ ပုဒ်မ ၁၃၃ ထုတ်ပြန်

0
262

သာကေတမြို့နယ်၊ အနော်မာ ၁၃ လမ်း အနောက်လမ်းပေါ်မှာ မေလ ၃၁ ရက် ညနေပိုင်းက မွတ်စလင် ၅၀ ဦး ဝတ်ပြုစုတောင်းတဲ့အတွင် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားအောင် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၃၃ ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်လိုက်ပါတယ်။

အနော်မာမှာ မျိုးချစ်အဖွဲ့ဆိုသူတွေနဲ့ ဖြစ်ပွားခဲ့ဖူးတဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် သာကေတ မြို့နယ်က အာရဗီကျောင်းတွေကို အာဏာပိုင်တွေက ဧပြီ ၂၈ ရက်နေ့မှာ ချိတ်ပိတ်ခဲ့ပါတယ်။ အဲဒါကြောင့် မွတ်စလင် ၅၀ ခန့်ဟာ လမ်းမပေါ်မှာ ၁၅ မိနှစ်ကြာ ဝတ်ပြုဆုတောင်းမှု လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ဝတ်ပြုဆုတောင်းမှုကြောင့် အများပြည်သူနေရာ ပိတ်ပင်ခြင်း၊ နယ်မြေအေးချမ်းမှုကို ထိခိုက်စေနိုင်ခြင်း၊ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပွားနိုင်ခြင်းတွေကြောင့် ပုဒ်မ ၁၃၃ ကို ထုတ်တယ်လို့ ထုန်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သာကေတ မြို့နယ်အတွင်းရှိ အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့ အခုလို အပြုအမူမျိုးထပ်မလုပ်ဖို့လည်း ဖော်ပြထားပါတယ်။ သာကေတမြို့နယ် ရပ်ကွက်တွေမှာ ပုဒ်မ ၁၃၃ ထုတ်ပြန်ကြောင်း အသံချဲ့စက်နဲ့ လိုက်လံ သတိပေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)