ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကိစ္စ သတင်းစာရှင်းလင်းပွဲ ကျင်းပခွင့် မရ

0
375

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ လက်သင့်ရာ စားတော်ခေါ်တဲ့ ကိစ္စ သတင်းစာရှင်းလင်းပွဲ ဒီနေ့ ဇွန်လ ၂ ရက်နေ့မှာ လုပ်မယ်ဆိုပြီး ကြေညာထားပေမယ့် တော်ဝင်နှင်းဆီခန်းမက လက်မခံခဲ့ပါဘူး။

တော်ဝင်နှင်းဆီက လက်မခံတဲ့ အတွက် ယုဇနဟိုတယ်မှာ ထပ်ပြီး စီစဉ်ခဲ့ပေမယ့် ဟိုတယ်ကလည်း လက်မခံပါဘူး။

ဒါကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်မယ့် ကိုမိုက်ကယ်ကျော်မြင့် ဆိုသူက တာမွေ ပြည်သူ့ဟစ်တိုင်မှာ ရှင်းလင်းပွဲ လုပ်မှာ ဖြစ်ပါတယ်။

သူ့ကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဖို့ လုပ်နေတယ်လို့လည်း ကိုမိုက်ကယ်ကျော်မြင့်က ပြောဆိုနေပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာရဲ့ တခြား သီးခြား အတည်ပြုချက်တော့ မရရှိသေးပါဘူး။

အခုသတင်းစာရှင်းလင်းပွဲ လုပ်ချင်တဲ့အကြောင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ ကိုမိုက်ကယ်ကျော်မြင့်တို့ ဆောက်လုပ်ရေးကုမ္ပဏီနဲ့ အိမ်ယာစီမံကိန်းတစ်ခုကို စာချုပ်ချုပ်ဆို သဘောတူထားပေမယ့် တစ်ဖက်သတ် ဖျက်သိမ်းပြီး အခြားတစ်ယောက်ကို ပေးခဲ့တဲ့အကြောင်း ရှင်းမှာဖြစ်တယ်လို့ ကိုမိုက်ကယ်ကျော်မြင့်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)