မြန်မာ ရဲတွေ စွမ်းရည်မြှင့်တင်ရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်တို့ ဆွေးနွေး

0
330

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ကို တရားဝင်ခရီးရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Charles Michel တို့ မေလ ၂ ရက်နေ့ ဒေသစံတော်ချိန် (၁၁၀၀) နာရီအချိန်မှာ တွေ့ဆုံစဉ် အဲ့ဒီလို ဆွေးနွေးခဲ့တာပါ။

ဒီလိုဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ ဘယ်လ်ဂျီယံနိုင်ငံအနေနဲ့ ဆက်လက်အကူအညီပေးရေး အပါအ၀င် နှစ်နိုင်ငံအကျိုးတူပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။

ဒီခရီးစဉ်ထဲမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသစံတော်ချိန် (၁၀၀၀) နာရီအချိန်ကလည်း ဘယ်လ်ဂျီယံနိုင်ငံ ဘုရင်မင်းမြတ် His Majesty King Philippe နဲ့လည်း Royal Palace မှာ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)