ရခိုင်ပြည်နယ်မှာ ဗိုလ်မှူးတစ်ဦး စီးလာတဲ့ကားပေါ်က စိတ်ကြွဆေး ၄ သိန်း ဖမ်းမိ

0
347

ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင် စစ်ဆေးရေး ဂိတ်တစ်ခုမှာ တပ်မတော်က ဗိုလ်မှူးအဆင့် အရာရှိတစ်ဦး စီးလာတဲ့ ကားပေါ်ကနေ မူးယစ်စိတ်ကြွဆေးပြား ၄ သိန်း ၄ သောင်းကျော် ဖမ်းမိခဲ့ပါတယ်။

ကာလတန်ဖိုး ကျပ် သိန်း ၉ ထောင်နီးပါး တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို ဘူးသီးတောင် အခြေစိုက် ခမရ (၅၆၄) က ဗိုလ်မှူးတစ်ဦး၊ တပ်သားတစ်ဦးနဲ့ အရပ်သားနှစ်ဦး စီးနင်းလိုက်ပါလာတဲ့ ပါဂျဲရိုးကားပေါ်ကနေ မနေ့က မေလ ၁ ရက်မှာ ဖမ်းမိတာ ဖြစ်ပါတယ်။

အရပ်သားဒရိုင်ဘာနဲ့ တခြား အရပ်သားတစ်ဦးကို ပြင်ဖြူနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဗိုလ်မှူးနဲ့ တခြား တပ်မတော်သား တစ်ဦးကိုတော့ ခမရ (၅၆၄) တပ်ရင်းကို လွှဲပြောင်းပေးကာ စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)