ဆစ်ဆောင်ပနားကနေ ထိုင်း၊ မြန်မာ၊ လာအိုဖြတ် ခရီးစဉ်လမ်းကြောင်းသစ် စတင်

0
278

မြန်မာအပါအဝင် နိုင်ငံ ၄ ခုကို ဖြတ်သွားမယ့် ခရီးသွား လမ်းကြောင်းသစ်တစ်ခုကို တရုတ်နိုင်ငံ၊ ယူနန်ခရိုင်၊ ဆစ်ဆောင်ပနားမှာ စတင် မိတ်ဆက်လိုက်ပါတယ်။

ဆစ်ဆောင်ပနားရှိ လန်ကန်မြစ်၊ ဂွန်လေ ဆိပ်ကမ်းကနေ စတင်ပြီး ထိုင်း၊ မြန်မာ၊ လာအိုနယ်စပ်တွေက မြစ်တွေနဲ့ လမ်းတွေကို ဖြတ်သွားမယ့် ခရီးစဉ်သစ်ကို ခရီးသည် ၂၀၀ က ပထမဦးဆုံး လိုက်ပါမှာ ဖြစ်ပါတယ်။

လန်ကန်-မဲခေါင်မြစ်ဟာ ကင်ဟိုင်း-တိဘက် ကုန်းပြင်မြင့်၊ တန်ဂူလာ တောင်မှာ မြစ်ဖျားခံပြီး မြန်မာ၊ လာအို၊ ထိုင်နဲ့ ကမ္ဘောဒီးယားကို ဖြတ်ကာ ဗီယက်နမ်ကနေတဆင့် တောင်တရုတ် ပင်လယ်ထဲကို စီးဝင်ပါတယ်။

ဒီခရီးလမ်းကြောင်းသစ်ကို စတင် စီစဉ်တဲ့ ခရီးသွားအေဂျင်စီရဲ့ အကြီးအကဲ ဇူ ချွန်ချူးကတော့ ဒီခရီးစဉ်ဟာ သဘာဝ အလှ၊ ယဉ်ကျေးမှုတွေကို ထိတွေ့စေရုံသာမက One Belt and One Road မဟာစီမံချက်ကိုလည်း နားလည်ဖို့ အစပြုတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

One Belt and One Road မဟာစီမံချက်ဆိုတာ ပိုးလမ်းမကြီး စီးပွားရေးလမ်းကြောင်းနဲ့ ၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီးကို အတိုချုံး ခေါ်ဆိုထားတာ ဖြစ်ပါတယ်။

မြစ်ကြောင်းတလျှောက်နဲ့ ကုန်းလမ်းတချို့ အပါအဝင် ခရီးစဉ်ဟာ ၂၆၂ ကီလိုမီတာရှည်ပြီး ၈ ရက်ကြာ ခရီးဖြစ်ပါတယ်။

ဆစ်ဆောင်ပနား ရေကြောင်း လုံခြုံမှု စီမံခန့်ခွဲရေး ဒါရိုက်တာ ကင် ဇွန်မိုကတော့ လန်ကန်-မဲခေါင် မြစ်ခရီးစဉ်ဟာ အနာဂတ် စီမံကိန်းတွေကို ဖွဲ့ဖြိုးစေပြီး နိုင်ငံတကာ ရေကြောင်းသွားလာမှု အဆင့်သစ်တစ်ခုကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)